အခုလိုရာသီပူပူမှာ အိမ်မှာနေရင်းအနားယူနိုင်ဖိုရာ JoInSung KimHyeSoo GoMiSi အစရှိတဲ့ နာမည်ကြီးသရုပ်ဆောင်တွေပါဝင်ထားတဲ့ ရုပ်ရှင်လေးတစ်ခုနဲ့ ဒီနေ့မှာမိတ်ဆက်ပေးချင်ပါတယ်…
ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငွေကြေးချိုတဲ့တာကြောင့် ငါးဖမ်းရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီးကောက်ယူပေးရတဲ့ မှောင်ခိုသမားဘဝရောက်သွားခဲ့ကြတဲ့ ဂျင်ဆုနဲ့ချွန်းဂျာတို သူငယ်ချင်းနှစ်ယောက်ဟာ တစ်နိုင်ငံလုံးမှာအတော်ဆုံး မှောင်ခိုဘုရင်လို တင်စားကြတဲ့ သူဌေးဂွမ်နဲ့ဆုံမိကြပြီး မှောင်ခိုလုပ်ငန်းကိုချဲ့ထွင်ဖိုကြိုးစားကြတဲ့အခါ….
တရားမဝင်မှောင်ခိုလောကရဲ့ နောက်ကျောဓားနဲ့ထိုးမှု၊ လောဘကြောင့် အထင်အမြင်လွဲ သွေးကွဲကြရတာတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို မျိုးစုံမြင်တွေ့ရမယ့် Crime Action ရုပ်ရှင်လေးဖြစ်တာမို အချိန်ပေးကြည့်ရတာ တန်မယ့်ဇာတ်ကားတစ်ခုအနေနဲ့ ညွှန်းပေးလိုက်ရပါတယ်….




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)