Tell Me Who I Am(2019)
—————————–
Child Abuseဆိုတာ သူစိမ်းတစ်ယောက်ကလုပ်မှဖြစ်တာမဟုတ်ပါဘူး။ မိဘအရင်းတွေကလဲ ကလေးသူငယ်နှိပ်စက်ညှင်းပန်းတာမျိုးလုပ်နိုင်ပါတယ်။
မိဘအရင်းက လုပ်တာဖြစ်လို့ ကလေးသူငယ်အတွက် ပိုပြီးတော့တောင် စိတ်ဒဏ်ရာကြီးနိုင်ပါတယ်။ ရိုက်နှက်တာ လိင်ပိုင်းဆိုင်ရာထိပါးမှုမျိုးတွေက
နှနယ်လှတဲ့ ကလေးတွေအတွက်တော့ ခန့်မှန်းလို့မရနိုင်လောက်အောင် ပြင်းထန်လွန်းတဲ့ ဒဏ်ရာတွေပါဘဲ။
ဒီဇာတ်ကားလေးမှာတော့ ငယ်ငယ်ထဲက လိင်ပိုင်းဆိုင်ရာထိပါးမှု လုပ်ခံရတဲ့ အမွှာညီအကိုနှစ်ယောက်ရဲ့အကြောင်းကို ရိုက်ကူးထားတာဘဲဖြစ်ပါတယ်။
အင်တာဗျုးပုံစံမျိုးနဲ့ ရိုက်ကူးထားတာဖြစ်ပါတယ်။ ညီဖြစ်သူဟာ အတိတ်မေ့သွားလောက်တဲ့ထိ ထိခိုက်ခဲ့တာဖြစ်လို့ သူ့ရဲ့အတိတ်ကို ပဟေဠိဆန်ဆန်
ပြန်လည်ဖော်ထုတ်သွားတာဖြစ်လို့ စိတ်ဝင်စားစရာလဲကောင်းသလို ဝမ်းနည်းစရာလဲကောင်းပါတယ်။ကြည့်ရှုသူတွေအားလုံးအတွက် စိတ်ဝင်စားစရာကောင်းမဲ့
ဇာတ်ကားတစ်ကားဖြစ်မယ်ဆိုတာ သေချာပါတယ်။ အားလုံးဘဲ ကြည့်ရှု့ခံစားပေးကြပါအုံးခင်ဗျာ။
——————————–
Translated and Encoded by Zion
Resolution ……720P & 1080P
File Size………..800mb&1.4GB




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)