
Step Up All In
Download Step Up All In, Watch Step Up All In, don't forget to click on the like and share button. Series Step Up All In (2014) always updated at MMFILM. Don't forget to watch other series updates.
Steup Up လို့ဆိုလိုက်တာနဲ့ ရုပ်ရှင်ကြည့်ပရိတ်သတ်တွေ ဘာဇာတ်ကားလည်းဆိုတာ သိကြမှာပါ။ ဇတ်လမ်းအနေနဲ့ကတော့ အကမှာအောင်မြင်ပြီး ဆုတံဆိပ်ရရှိချင်နေတဲ့ Sean ဟာ သူ့နဂိုအဖွဲ့ကလူတွေနဲ့ကွဲသွားပြီးတော့ သူ့သူငယ်ချင်း Moose ဆီကို ရောက်ရှိနေပါတယ်။ ထိုအတော်အတွင်း Last VEGAS မှာ The Vortex ကပြုလုပ်တဲ့ အကပြိုင်ပွဲတစ်ခုရှိပြီး အနိုင်ရရှိတဲ့အဖွဲ့ဟာ ၃ နှစ်စာချုပ်နဲ့ MTV စသည့်တွေမှာ ပါဝင်ဖောျ်ဖြေရမှာဖြစ်ပါတယ်။
Moose ရဲ့အဖိုးအဖွားတွေဟာ အကသင်တန်းတစ်ခုဖွင့်ထားပြီး Moose ကတော့ နဂိုတုန်းက ကခဲ့ပေမယ့်အခုတော့ တခြားအလုပ်လုပ်ကိုင်နေကာ မကဖြစ်တာလည်း ကြာသွားပါပြီ။ Sean ဟာ Moose ကို ပြန်ကဖို့တိုက်တွန်းပြီး အဖွဲ့တစ်ခုဖွဲ့ပြီး သွားရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားပါတယ်။ ပထမဆုံးအနေနဲ့ အကအဖွဲ့ထဲကို ဝင်ရောက်လာသူကတော့ ANDIE ဖြစ်ပြီး Moose ရဲ့ သူငယ်ချင်းပါ။ ထို့အတူ Moose ရဲ့အဆက်အသွယ်တွေနဲ့အတူ တခြားတခြားသော သူတွေပါ သူတို့အကအဖွဲ့ထဲကို ပါဝငင်လာပါတော့တယ်။
ပထမအဆင့်အနေနဲ့ အက ဗီဒီယိုဖိုင်တစ်ခုကို ပေးပို့ယှဉ်ပြိုင်ရပြီး ထိုအဆင့်ကို Sean တို့အဖွဲ့ LMNTRIX အောင်မြင်သွားပြီး Last Vegas သို့သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Last Vegas ယှဉ်ပြိုင်ရမယ့်နေရာကိုရောက်တော့ Sean ရဲ့ ပြိုင်ဘက်ဟောင်းအဖွဲ့ဖြစ်တဲ့ Grim KNIGHTSလည်း ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရပြီး Sean ကို အံအားသင့်သွားစေတာကတော့ သူရဲ့ အဖွဲ့ဟောင်းဖြစ်တဲ့ The Mob ကလည်း ပါဝင်ယှဉ်ပြိုင်တာကို တွေ့ရှိလိုက်ရလို့ဖြစ်ပါတယ်။
အရှေ့ပိုင်းတွေမှာ STEP(2006), Step Up 2: The Streets(2008), Step Up 3D(2010), Step Up Revolution(2012) တို့ထွက်ရှိထားပြီး Step Up All In ကတော့ ၅ ကားမြောက်ဖြစ်ပါတယ်။ မင်းသမီးဖြစ်တဲ့ Briana Evigan ကတော့ Step Up 2: The Streets(2008) မှာပါဝင်သရုပ်ထားတဲ့သူဖြစ်ပြီး မင်းသားဖြစ်တဲ့ Ryan Anthony Guzman ကတော့ Step Up Revolution(2012) မှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ်။
Translated and Encoded By-Zoro Size-1.75Gb