King Richard(2021)
————————
ဒီကားလေးကတော့ အမေရိကန် အားကစားဒရာမာအမျိုးအစားလေးပဲဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အရမ်းကိုနာမည်ကြီးနေတဲ့ Will Smithက Richartဆိုတဲ့ ဇာတ်ကောင်အနေနဲ့တွေ့ရမှာပါ။ ဇာတ်လမ်းအကျဥ်းလေးကတော့ ရစ်ချက်ဆိုတဲ့ အမေရိကန်မှာရုန်းကန်လှုပ်ရှားနေရတဲ့ သမီးငါးယောက်အဖေ လူမည်းအမျိုးသားတစ်ယောက်ပါ။ လူမျိုးခွဲခြားတာတွေကိုခံရပြီး ပိုက်ဆံနည်းနည်းပဲရှာနိုင်တဲ့ကိုယ့်ကိုကိုယ် မခံမရပ်နိုင်ဖြစ်ပြီး သမီးတွေကိုအနာဂတ်ကိုကြိုတင်စီစဥ်ပြီး မွေးခဲ့ပါတယ်။ သူတို့ရဲ့အရာရာတိုင်းကို အကောင်းဆုံးဖြစ်အောင် လေ့ကျင့်ပေးခဲ့ပါတယ်။ သူ့ရဲ့မျိုးဆက်တွေကို လူလေးစားခံရအောင်ကြိုးစားခဲ့ပါတယ်။ ဗီးနပ်စ်နဲ့ ဆရီနာဆိုတဲ့ သမီးလေးနှစ်ယောက်အတွက် တင်းနစ်ပညာရှင်တွေဖြစ်လာဖို့ စိတ်ကူးယဥ်ခဲ့တာပါ။ ဘယ်လိုတွေကြုံတွေ့လာမလဲ နောက်ဆုံးဘာတွေဖြစ်သွားမလဲဆိုတာ ဒီဇာတ်ကားလေးထဲမှာကြည့်ရှုလို့ရပါပြီ
Translated by Emerald
Encoded By Zion



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
