အားလုံးကြိုက်ကြတဲ့ Stranger Things Season 4ကတော့ ထွက်ရှိလာပါပြီခင်ဗျာ
Season 3နဲ့ 4ကြားမှာ ၂နှစ်လောက်ကြာသွားတယ်ဆိုတော့ ဒီ Seasonမှာတော့ အကြမ်းတွေမြင်ရတော့မှာသေချာပါတယ်
Episode တစ်ပိုင်းချင်းဆီရဲ့Run Timeကလဲ အနည်းဆုံး၁နာရီကြာတယ်ဆိုတော့ အားရပါးရကို ကြည့်ရှု့ရမှာဖြစ်ပါတယ်။
Part 1ကို အပိုင်း ၇ပိုင်းနဲ့ ထုတ်လွှင့်ပေးထားတာဖြစ်ပြီးတော့ Part 2ကိုတော့ July 1ရက်နေ့မှာ နှစ်ပိုင်းထွက်ရှိလာမှာဖြစ်ပါတယ်။ Season 3မှာ သေဆုံးသွားပြီ လို့ ထင်ထားတဲ့ Hopper ကြီးကလဲ ပြန်ပါလာပြီဆိုတော့ ကျွန်တော်တို့ ကြိုက်နှစ်သက်တဲ့ ဇာတ်ကောင်အစုံအလင်နဲ့ ထပ်မံကြည့်ရှု့ခွင့်ရတော့မှာဖြစ်ပါတယ်။ ဒီတစ်ခါတော့ Elevenတို့ အဖွဲ့က ကလေးတွေမဟုတ်တော့ဘဲ အထက်တန်းကျောင်းသားတွေဖြစ်လာကြပြီဆိုတော့ ရသအသစ်တွေ ခံစားမှုအသစ်တွေ Plotအသစ်တွေကို ခံစားရတော့မှာဖြစ်ပါတယ်။ အရင်ကSeasonတွေထက် ပိုကြမ်း ပိုကြောက်စရာကောင်းမဲ့ Seasonဖြစ်လို့ အားလုံးကတော့ အသဲစွဲကြအုံးမှာသေချာပါဘဲ။ အချစ်တော်လေး Millie Bobby Brownလေးကတော့ လှမြဲလှစဲဆိုတော့ ကြိုက်တာပေါ့ဗျာ။
ကျွန်တော်တို့ MMfilm.orgက တစ်ပိုင်းဆီတိုင်းကို အမြန်ဆုံးတင်ဆက်ပေးနေမှာဖြစ်လို့ အားပေးကြည့်ရှု့ကြပါအုံးခင်ဗျာ။
Translated and Encoded by MMFilm Team