Switch Mode

Undercover Episode 4

Drama Sub Released on May 5, 2021 · ? views · Posted by admin · Series Undercover
Expand
Turn Off Light
Download
Mega 720P
Google 720P

Download Undercover Episode 4, Watch Undercover Episode 4, don't forget to click on the like and share button. Series Undercover always updated at MMFILM. Don't forget to watch other series updates.

Episode 4

Undercover

Undercover

eondeokeobeo
Rating 8.3
Status: Ongoing Network: Released: Apr 23, 2021 - Jun 12, 2021 Duration: 1 hr. 11 min. Country: Type: Drama Episodes: 16 Director: Casts: , , , , ,
ဒီတစ်ခါမှာတော့ Beyond Evil အစားလာမယ့် Undercoverဆိုတဲ့ လျှို့ဝှက်စုံထောက် ဇာတ်လမ်းလေးကို တင်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်လမ်းလေးကတော့ ကိုယ့်ရဲ့ဖြစ်တည်မှု အစစ်အမှန်ကို ဖုံးကွယ်ထားပြီး လျှို့ဝှက်အေးဂျင့်အဖြစ်တာဝန်ထမ်းဆောင်နေတဲ့ Han Jung Hyun (Ji Jin Hee)နဲ့ တရားမျှတမှုအတွက် တိုက်ပွဲဝင်နေတဲ့ နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင်ဖြစ်လာမယ့် ပြည်သူ့ရှေ့နေမလေး Choi Yeon Soo (Kim Hyun Joo) တို့ရဲ့ အချစ်ဇာတ်လမ်းကို အခြေခံပြီးရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးမှာ လူတွေရဲ့ ဖုံးကွယ်ထားတဲ့ နောက်ခံဇာတ်ကြောင်းတွေနဲ့အတူ စစ်မှန်တဲ့အာဏာဆိုတာ ဘာလဲဆိုတဲ့ အကြောင်းကို ထင်ထင်ရှားရှား မီးမောင်းထိုးပြထားပြီး အမှားအမှန်ဆိုတာ ဘာလဲဆိုတဲ့ အတွေးအခေါ်ကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။ သူ့ရဲ့အချက်အလက် အစစ်အမှန်တွေကို အချိန်အကြာကြီးဖုံးကွယ်ထားပြီး တောင်ကိုးရီးယားနိုင်ငံရဲ့ အမျိုးသားထောက်လှမ်းရေးဌာနရဲ့ လျှို့ဝှက်အေးဂျင့်အဖြစ် ထိပ်တန်းလျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေတဲ့ Hyun Jung Hyun အဖြစ် မင်းသားကြီး(Ji Jin Hee)က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူဟာ သူ့ရဲ့ ထူးခြားသာလွန်တဲ့ လျင်မြန်သွက်လက်မှုနဲ့ ရဲရင့်မှုကြောင့် လူသိများပြီး ထိပ်တန်းလျှို့ဝှက်တာဝန်ကို ထမ်းဆောင်နေစဉ်အတွင်းမှာပဲ ရှေ့နေမလေး Choi Yeon Sooနဲ့ ချစ်ကြိုက်ပြီး လက်ထပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ့ရဲ့ ဖုံးကွယ်ထားတဲ့ဘဝဟာ သူ့အမျိုးသမီးက နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင် ဖြစ်ဖို့အတွက် လျာထားခြင်းခံလိုက်ရချိန်မှာတော့ အကုန်ပေါ်သွားခဲ့ပါတယ်။ အမှန်တရားနဲ့ တရားမျှတမှုအတွက် ရှင်သန်နေတဲ့ လူ့အခွင့်အရေးပြည်သူ့ရှေ့နေ Choi Yeon Soo အဖြစ် မင်းသမီးကြီး (Kim Hyun Joo)က ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမဘဝ တစ်လျှောက်လုံးရင်းနှီးမြုပ်နှံထားတဲ့ ယုံကြည်ချက်တွေနဲ့ တရားမျှတတဲ့ ဆောင်ရွက်ချက်တွေကြောင့် သူမဟာ နိုင်ငံ့ဝန်ထမ်းအကျင့်ပျက်ခြစားမှု စုံစမ်းစစ်ဆေးရေးဌာနရဲ့ ခေါင်းဆောင်ရာထူးကို လျာထားခြင်းခံရပါတယ်။ သူမရဲ့ရာထူးအသစ်ဟာ ထိန့်လန့်တုန်လှုပ်ဖွယ်ကောင်းတဲ့သူမခင်ပွန်းရဲ့အမှန်တရားကို ရင်ဆိုင်ဖို့ တွန်းအားပေးလာတဲ့အခါ အချစ်နဲ့ တရားမျှတမှုကြား သူမဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာကို စိတ်လှုပ်ရှားဖွယ်စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဒီဇာတ်လမ်းလေးကို JTBC ရုပ်သံလိုင်းမှ အပတ်စဉ်သောကြာနေ့နဲ့ စနေနေ့တွေမှာ ထုတ်လွှင့်ပြသပေးသွားမှာဖြစ်လို့  ပရိတ်သတ်ကြီးကလည်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။

Related Episodes

Undercover Episode 3

Posted by: admin Released on: 4 years ago