ဒီတစ်ခါတော့ ဒရမ်မာဇာတ်လမ်းတွဲပေမယ့် Sport Type ပုံစံလေးဆန်တဲ့ဇာတ်လမ်းတွဲအသစ်လေးအလှည့်ကိုတဖန်ရောက်ရှိလို့လာခဲ့ပြန်ပါတယ်
Je Gal Gilဟာထူးချွန်တဲ့စွမ်းရည်ရှိပြီး နိုင်ငံကိုယ်စားပြုတိုင်ကွမ်ဒိုအသင်းရဲ့ကစားသမားတစ်ဦးဖြစ်ပေမယ့် အောင်မြင်လာတဲ့အမျှကောလဟာလတွေကလည်းတစ်ခုမဟုတ်တစ်ခုထွက်လာတတ်စမြဲဆိုတော့ နောက်ဆုံးမှာအဲ့သတင်းတွေကြောင့် အားကစားကနေရပ်နားခံလိုက်ရပြီး အားကစားတွေကိုကူညီပေးရတဲ့ Mental Coachဘဝနဲ့အားကစားလောကထဲကတစ်ဖန်ပြန်ဝင်ရောက်ခဲ့ပါတယ်
Cha Ga Eul ကတော့ ရွှေတံဆိပ်ဆုရရေခဲပြင်စကိတ်အားကစားသမားတစ်ယောက်ဖြစ်ပြီး သူမရဲ့အေးတိအေးစက်ပုံစံကတော့ လူသိများပါတယ်။လက်ရှိမှာတော့ မအောင်မြင်သေးပေမယ့် သူမရဲ့အစွမ်းကတော့ တချိန်ကျရင်တော့အောင်မြင်လာချေရှိတဲ့အားကစားသမားတစ်ယောက်လည်းဖြစ်ပါတယ်
Goo Tae Manဆိုသူကတော့ ကိုရီးယားအိုလံပစ်ကော်မတီရဲ့ လူ့အခွင့်အရေးဌာနကဒါရိုက်တာတစ်ယောက်ဖြစ်ပြီး ကိုယ်သာအောင်မြင်ရမယ်ဆိုရင် ဘယ်သူ့ကိုမဆိုချနင်းပစ်ပြီးထိပ်ကိုရောက်အောင်သွားမယ့်လူစားမျိုးပဲဖြစ်ပါတယ်။
သူ့ကြောင့်Je Gal Gilဟာလည်းဘဝအချိုးအကွေ့အစုံကိုခံခဲ့ရသူလည်းဖြစ်ပါတယ်။
နောက်ပြီးဒီဇာတ်လမ်းထဲမှာပါဝင်ထားတဲ့ မင်းသမီး Lee Yoo Miဟာဆိုရင် Squid Gameနဲ့ All of us are deadစတဲ့နာမည်ကြီးစီးရီးတွေမှာပါဝင်သရုပ်ဆောင်ထားသူလည်းဖြစ်ပါတယ်
Translated by Mo" & Yezin
Encoded by Aye Chan