ဒီတစ်ခါတော့ အီရန်စကားပြော Mystery / Drama ကားလေးကို တင်ဆက်ပေးချင်ပါတယ်။
ဒီကားကိုကြည့်ရင်းတွေးမိတာတော့ ခြေနှစ်ချောင်း မကယ်ကောင်းဆိုတဲ့စကားပုံပါပဲ။
ရိုယာတိုလင်မယားဟာ မကြာခင်အီရန်ကနေ ဒိန်းမတ်ကိုပြောင်းရွှေ့နေထိုင်ကြတော့မယ့် လင်မယားပါ။ ညဘက်ကြီး အိမ်ရှေ့မှာ မိုးရေထဲရပ်နေတဲ မိန်းကလေးကိုသနားလို ခိုကိုးရာ ပေးမိတဲ့ ရိုယာတစ်ယောက် ဖြစ်လာမှာတွေကိုသာ ကြိုသိခဲ့ရင် သူကယ်ဖြစ်မယ်မထင်ပါဘူး…။
ဒီကားဟာ အဆုံးထိ တွေးစရာပေးသွားတဲ့ကားပါ။ ဘယ်နေရာကစမှားယွင်းခဲ့လဲဆိုတာ ပြန်တွေးမိရင် မင်းသမီးပါမက ကြည့်နေတဲ့လူပါ ရူးချင်သလိုဖြစ်လာပါလိမ့်မယ်။
IMDB 6 ရထားပါတယ် ။ Mystery / Drama ကြိုက်သူများ ရှုစားသင့်ပါတယ်လို ညွှန်းချင်ပါတယ်။
Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ