ဒီတစ်ခါမိတ်ဆက်ပေးမဲ့ကားလေးကတော့ ၂၀၁၈ ကထွက်ခဲ့တဲ့ believer ရဲ့ အဆက်ပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးဂိုဏ်းမှာနာမည်ကြီးတဲ့ ဆရာအီဆိုတဲ့သူကိုဖမ်းဖိုအသည်းအသန်ရှာနေတဲ့ အဖွဲမှူးဂျိုဝန်ဟို။ တကယ့်ဆရာအီကိုဖမ်းမိခါနီးမှ လက်လွတ်သွားပြီး ဆရာအီဟန်ဆောင်ထားတဲ့ အီဝူးပိုဆောင်ရေးက ဒါရိုက်တာဘရိုင်ယန်ကိုဖမ်းမိသွားတဲ့အခါမှာတော့…
အထက်အရာရှိတွေက ဘရိုင်ယန်ကိုဆရာအီလိုသတ်မှတ်ပြီးဖမ်းမိကြောင်းကြေညာလိုက်တဲ့အခါ တကယ့်ဆရာအီလွတ်နေတာကိုသိတဲ့ အဖွဲမှူးဂျိုဝန်ဟိုတစ်ယောက် ဆရာအီကိုဖမ်းဖိုတစ်ဦးတည်းစစ်ဆင်ရေးစခဲ့ပါတယ်။
နောက်ထပ်ဆရာအီကိုတွေ့ရဖိုအတွက် မူးယစ်ဆေးဂိုဏ်းလောကထဲကိုဝင်လာတဲ့ ကိုယ်စားလှယ်ဆောယောင်းရာ့ကလည်း ဆရာအီစိတ်ဝင်စားလောက်မဲ့ အဆင့်မြင့်မူးယစ်ဆေးလိုင်ကာကိုဖန်တီးဖိုကုန်ကြမ်းလိုက်ရှာပါတော့တယ်။
တရုတ်ဘက်က ဘရိုင်ယန်နဲ့ အပေးအယူလုပ်ဖိုပြောထားတဲ့ လိုင်ကာကိုဆုံးရှုးလိုက်ရလို ကိုရီးယားအထိ ရောက်တဲ့ ဆော့ဆိုချွန်း။
ရဲအရာရှိ မူးယစ်ဆေးမှောင်ခိုဂိုဏ်းသားတွေနဲ့ သရုပ်မှန်ကိုမသိရသေးတဲ့ ဆရာအီတိုရဲ့ ဇာတ်လမ်းကဘယ်လိုဖြစ်သွားမလဲဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။
Translated & Reviewed by Rhea
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ