ဒီဇာတ်ကားကတော့ ကူကယ်ရာမဲ့တဲ့ အခြေအနေနဲ့ သွေးဆောင်မှုများကြား ဖြစ်ပေါ်လာတဲ့ အကျိုးဆက်တွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ် မိသားစုအတွက် ရုန်းကန်နေရတဲ့ အရောင်းသမားကလစ်ဟာ အတိတ်ဆိုးတွေရှိခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းရစ်ကီနဲ့ တွေ့ဆုံခဲ့ပါတယ် မိသားစုမပြိုလဲရေးအတွက် ကလစ်ဟာ ရစ်ကီနဲ့အတူ အကျိူးတူ ပူးပေါင်းဖို သဘောတူခဲ့ပါတယ်
အဲဒီနောက်မှာတော့ ကလစ်ဟာ သာမန်အရောင်းသမားဘ၀ကနေ မူးယစ်ဆေးရောင်းချသူအဖြစ်ရောက်ရှိလာပြီး အန္တရာယ်လမ်းကြောင်းကို လျှောက်လှမ်းရပါတော့တယ် ရိုးရှင်းတဲ့ အရောင်းအ၀ယ်တစ်ခုဟာ သွေးချောင်းစီး လူသတ်ပွဲတစ်ခု ဖြစ်လာတဲ့ အခါမှာတော့ ကလစ်ဟာ မထင်မှတ်ထားတဲ့ အလှည့်အပြောင်းတွေနဲ့အတူ ရှင်သန်ဖိုအတွက် ကြိုးစားရပါတော့တယ် နောက်ဆုံးမှာ ကလစ်က ဒီလိုအစိုးမရတဲ့ ဒုစရိုက်လောကရဲ့ အညှာတာကင်းတဲ့ လုပ်ရပ်တွေကနေ ဘယ်လို ရုန်းထွက်မလဲဆိုတာကို ဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy