ဒီဇာတ်ကားလေးက ၂၀၂၄ မှာ ထွက်ရှိထားတာဖြစ်ပြီးတော့ Comedy Romance အမျိုးအစားလေးပဲဖြစ်ပါတယ်
IMDB အနေနဲ့ Rating 6.5 ရရှိထားတဲ့ဇာတ်ကားမလို မဆိုးလှပါဘူး
ဇာတ်လမ်းလေးက နယူးဂျာစီမှာ ဇာတ်အိမ်တည်ထားတာဖြစ်ပြီးတော့ လူမျိုးရေးခွဲခြားမှုတွေကိုလည်း မီးမောင်းထိုးပြထားတာဖြစ်ပါတယ်
ဇာတ်လမ်းလေးမှာ ရူဒီ လိုခေါ်တဲ့ ကောင်လေးက သူ့မိဘတွေနဲ့ အစပိုင်းမှာ ဘရာဇီးမှာ နေတာဖြစ်ပြီးတော့ နောက်မှ နယူးဂျာစီ ကိုပြောင်းလာတာဖြစ်ပါတယ်
သူ့မိဘတွေ ရန်ဖြစ်တဲ့အခါ ရူဒီက ဘီဒိုထဲပုန်းပြီး အခြားအသံတွေကို အာရုံလွှရာကနေ နောက်ပိုင်းမှာ တစ်ခုတည်းကို
အာရုံစူးစိုက်လိုမရတော့ဘဲ ကြားသမျှအသံအားလုံးကို ဂီတသံတွေအဖြစ် ပြောင်းလဲပြီးကြားနေပါတော့တယ်
ဒီစွမ်းရည်က သူ့အတွက် ကောင်းချီးပေးခံရတာလား ကျိန်စာလေးဆိုတာကိုတော့ ဇာတ်ကားလေးကိုပဲ ကြည့်ရှုပြီးဆုံးဖြတ်ပေးကြပါတော့
Translated & Reviewed by Phoenix
Encoded by Flashy