ဒီဇာတ်ကားကတော့ဒီနှစ်ထွက်Horror Thrillerကားတွေထဲမှာအတော်လေးကောင်းတဲ့ကားပါ။စိတ္တဇလူသတ်သမားဆန်ဆန်ဇာတ်လမ်းမျိုးကိုမှလူသတ်သမားကဘယ်သူဖြစ်မလဲဆိုတာကိုပါစိတ်ဝင်စားစရာကောင်းအောင်ရိုက်ပြထားပါတယ်။ဇာတ်လမ်းကတော့ရိုက်ကုန်တိုက်ဟာထူးထူးခြားခြားကျေးဇူးတော်နေ့ညည့်သန်းခေါင်မှာဈေးရောင်းပွဲကြီးလုပ်ဖို့ကြံထားပါတယ်။ဈေးရောင်းပွဲလုပ်တဲ့အချိန်မှာတော့လူအများကြီးတိုးဝှေ့ဝင်ကြရာကနေဝရုန်းသုန်းကားတွေဖြစ်ပြီးကျိုးပဲ့ထိခိုက်မှုတွေဖြစ်ရုံမကပဲလူသေမှုပညဖြစ်သွားပါတော့တယ်။နောက်တစ်နှစ်အကြာကျေးဇူးတော်နေ့မတိုင်ခင်မှာတော့အဲဒီမတော်တဆမှုအတွင်းမှာပါဝင်ခဲ့တဲ့လူတချို့ကိုပစ်မှတ်ထားသတ်ဖြတ်တဲ့မျက်နှာဖုံးစွပ်ပုဆိန်လူသတ်သမားတစ်ယောက်ပေါ်ပေါက်လာတဲ့အခါ၊လူသတ်သမားကဘယ်သူလဲ၊ဘာကြောင့်ရိုက်ကုန်တိုက်မတော်တဆမှုကလူတွေကိုလိုက်သတ်နေတာလဲဆိုတာတွေကိုဇာတ်လမ်းအစကနေအဆုံးထိဇာတ်ရှိန်မကျပဲတဖြေးဖြေးဖြည်ချသွားမှာမလို့စိတ်ဝင်တစားခံစားလိုက်ပါဦးဗျ။
(သွေးထွက်သံယိုဇာတ်ကွက်များစွာနဲ့ကြမ်းတမ်းတဲ့စကားလုံးများပါဝင်တာကြောင့်နှလုံးမခိုင်သူများနှင့်ကလေးသူငယ်များမကြည့်ရှုသင့်ပါ)
Translated & Reviewed by Cora
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်