American Fiction ဟာ လာမယ့်အော်စကာအတွက် Best Picture, Best Adapted Screenplay, Best Actor, Best Supporting Actor, Best Original Score စတဲ့ ဆန်ခါတင်ငါးခုဝင်ထားတယ်။American Film Institute က စာရင်းလုပ်ထားတဲ့ ၂၀၂၃ရဲ့အကောင်းဆုံးရုပ်ရှင်၁၀ကားထဲ နံပါတ်တစ်ချိတ်ထားတယ်။ ချိတ်လည်းချိတ်သင့်တယ်။ ပုဂ္ဂလိကအမြင်အရတော့ မနှစ်က အမေရိကန်ဘက်က ထုတ်ထားတဲ့ကားတွေထဲ ဒီကားက တော်တော်မိုက်နေတယ်။ ဒါရိုက်တာ Cord Jefferson ဟာ အမေရိကန်ဖစ်ရှင်ကို ပွဲဦးထွက်ရိုက်ခဲ့ ဇာတ်ညွှန်းရေးခဲ့တာပေမဲ့ ဘယ်ပွဲဦးထွက်ကားနဲ့မှ မတူရလောက်အောင် တော်တော်လေး သေသပ်ပြီး တာသွားတယ်။ မွန့်ခ်နေရာက သရုပ်ဆောင်တဲ့ Jeffrey Wright ဟာလည်း သရုပ်ဆောင်ဆု ဆန်ခါတင်ဝင်ထားသလို Sterling K. Brown ကလည်း ဇာတ်ပိုဆု ဆန်ခါတင်ဝင်ထားတယ်။ အော်စကာဆန်ခါတင်ဝင်ထားတာမနည်းလို ကြည့်ကိုကြည့်ဖိုတွေးထားရင်တော့ ဇာတ်လမ်းကိုဆက်မဖတ်ဘဲ ကြည့်လိုက်တာက ပိုကောင်းလိမ့်မှာပါပဲ။ ဇာတ်ညွှန်းပါ ဆန်ခါတင်ဝင်ထားတာမို ဇာတ်လမ်းကို စိတ်ချပြီး ကြည့်လိုရတယ်။
Translated & Reviewed by Ethan
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်