“Angels Fallen: Warriors of Peace” ဇာတ်ကားဟာ “Angles Fallen”ဇာတ်ကားရဲ့
နောက်ဆက်တွဲဇာတ်ကားပဲဖြစ်ပါတယ်။
အီရတ်စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ဂေဘရီရယ်လ်ရဲ့နောက်ဆက်တွဲဖြစ်ပြီတော့
ကျဆုံးသွားတဲ့ကောင်းကင်တမန်တစ်ဦးဖြစ်တဲ့
မိုက်ကယ်လ်က ကမ္ဘာကိုသိမ်းပိုက်ဖိုအတွက် သေမင်းစစ်တပ်ကို
ဖွဲစည်းတော့မှာကို ကာကွယ်ဟန့်တားဖိုအတွက် အီရတ်စစ်ပြန်ကြီး
ဂေဘရီရယ်လ်ကိုကောက်နှုတ်ရွေးချယ်လိုက်တဲ့အကြောင်းပဲဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းအနေနဲ့ ဂေဘရီရယ်ဟာ
အီရတ်စစ်ပွဲအတင်းမှာ ထူးခြားတဲ့အတွေ့အကြုံတွေကိုကြုံတွေ့ခဲ့ရပါတယ်
ကောင်းကင်တမန်ဖြစ်တဲ့မိုက်ကယ်လ်ကို
ဟန့်တားနိုင်ဖိုအတွက် လျှိဝှက်ဆန်းကျယ်တဲ့ ဘက်ဿဇာ က
ဂေဘရီရယ်လ်ကို ချဉ်းကပ်ခဲ့တယ်။
ဂေဘရီရယ်လ်အနေနဲ့လုပ်ဆောင်ရမယ့်အရာတွေကတော့
အီရတ်စစ်ပွဲအတွင်းမှာအတူရှိခဲ့တဲ့ သူ့တပ်သားဟောင်းတွေရဲ့အကူညီကိုရယူရမှာဖြစ်ပြီးတော့
တပ်သားဟောင်းတွေရဲ့အကူအညီနဲ့ ငြိမ်းချမ်းရေးသူရဲကောင်းတွေကိုလိုက်ရှာဖွေရမှာပဲဖြစ်ပါတယ်။
အက်ရှင်နဲ့စူပါဟီးရိုးဇာတ်လမ်းတွေလိုပဲ ကြည့်ရှုသူပရိသတ်အတွက်
ပြင်းထန်တဲ့အက်ရှင်ဇာတ်ဝင်ခန်းတွေနဲ့အတူ အံ့ဝင်ခွင်ကျရိုက်ကူးတင်ဆက်မှုကို
အပြည့်အဝပေးနိုင်အောင်ကြိုးစားထားတဲ့
ခရစ်ယန်ဘာသာနဲ့ဆက်နွယ်တဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်ပါတယ်။
Translated & Reviewed by Ethan
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်