Straw 2025
ဆင်းဂယ် မာသားတစ်ဦးရဲ့ ဘဝကို အဆိုးတွေကြားက ဖြတ်သန်းရပုံကို ကွက်ကွက်ကွင်းကွင်းနဲ့ ပုံပေါ်အောင်ရိုက်ကူးထားတာပါ
single mother တစ်ဦးဖြစ်တဲ့ဂျန်နိုင်းက
ခုနှစ် နှစ်အရွယ် ရှိတဲ့ သမီးလေးနဲ့အတူ တိုက်ခန်းကျဥ်းကျဥ်းလေးမှာ အိမ်ငှားနေပါတယ် သမီးဖြစ်သူက သာမာန်ကျန်းမာနေတဲ့ သူတော့ မဟုတ်ပါဘူး အကြောဆွဲရောဂါကို ခံစားနေရပြီး ခဏခဏလည်း ဖျားပါတယ် သမီးဖြစ်သူရဲ့ ဆေးဝါးခတွေက စျေးကြီးလွန်းလို့ အလုပ်နှစ်ခုတောင်လုပ်နေရပါတယ်
တစ်ရက်မှာတော့ အိမ်ရှင်ကလည်း အိမ်ငှားခမပေးနိုင်ရင် အိမ်ယာကော်မတီကို ပြန်အပ်တော့မယ်လို့လည်း ပြောပါတယ်
ဂျန်နိုင်းက လစာထုတ်ရက်မှာ ၁၀နါရီအချိန်မှာ ပေးပါ့မယ်လို့ကတိပေးခဲ့ပါတယ် သူလုပ်နေတဲ့ စတိုးဆိုင်မှာ အလုပ်လုပ်နေတုန်း သမီးဖြစ်သူ အာရီယာတို့ ကျောင်းက ရေချိုးတုန်းချော်လဲသွားလို့ လာခဲ့ပေးဖို့ခေါ်ပါတယ် ဂျန်နိုင်းလည်း သူဌေးဖြစ်သူကို ခွင့်တောင်းကြည့်တော့ မိနစ်သုံးဆယ်အတွင်းပြန်လာခဲ့ဖို့ ပြောလိုက်ပါတယ် ဒါကြောင့် ဂျန်နိုင်းက တစ်ဖက်လမ်းမှာ ရှိတဲ့ ဘဏ်ကိုဝင်ပြီး အာရီယာ ကျောင်းထမင်းဖိုးပေးနိုင်ဖို့ ငွေလဲလိုက်ပါတယ် ဒါပေမယ့် လူတွေတန်းစီရမှာမို့ မစောင့်ပဲ ကျောင်း ကိုတန်းသွားလိုက်ပါတယ်
ကျောင်းမှာ ရှိတဲ့ ကလေးစောင့်ရှောက်ရေးကော်မတီကလည်း မိခင်ဖြစ်ပြီးထမင်းဖိုး မပေးနိုင်လို့ ကလေးကိုမွေးစားဂေဟာက ခေါ်သွားပါတယ်
အမေတစ်ခု သမီးတစ်ခုပဲရှိတဲ့ ဂျန်နိုင်းဟာ သမီးဖြစ်သူ ကို ပြန်ခေါ်နိုင်ဖို့ စတိုးဆိုင်ကို ပြန်လာပြီး လစာထုတ်ပါတယ် မိနစ်သုံးဆယ်မက နောက်ကျသွားခို့ သူဌေး ဖြစ်သူက အလုပ်ကနေ ထုတ်လိုက်ပါတယ် တစ်ပူပေါ် နှစ်ပူဆင့် ဂျန်နိုင်းတစ်ယောက် သူဌေးနဲ့ အချေအတင် ဖြစ်နေတုန်း ဆိုင်ကို လုယက်တဲ့သူ နှစ်ဦးဝင်လာပါတယ် ဂျန်နိုင်းဆီက အာရီယာရဲ့ ကျောပိုးအိတ်ကိုလည်းတောင်းပါတယ် သူဌေးက ပေးလိုက်ဖို့ ပြောပေ
မယ့် မပေးတာကြောင့် လုကြရင်း ဆိုင်သူဌေးကို သေနတ်မှန်သွားပါတယ်
ဂျန်နိုင်းလည်း အဲ့သေနတ်ကို ယူပြီး ထွက်ပြေးလာခဲ့ပါတယ် မိမိနေတဲ့ တိုက်ခန်းရောက်တော့လည်း မိုးရေထဲမှာ သူ့ပစ္စည်းတွေကို လွှင့်ပစ်ခံထားရပါတော့တယ် ကံဆိုးလေသူ ဂျန်နိုင်းတစ်ယောက်ကတော့ ဓားခုတ်ရာ လက်ဝင်လျိုမိရင်း ဘဏ်ကို လုယက်တဲ့ တရားခံအဖြစ်ပါ သတ်မှတ်ထားခံနေရပါတယ်
နောက်ဆုံး မှာတော့ ဒီအကျပ်အတည်းတွေကနေ ရုန်းကန်နိုင်ပါ့မလား သမီးလေး အာရီယာ ကိုရော ပြန်ခေါ်နိုင်ပါ့မလားဆိုတာတော့…ဒီဇာတ်ကားလေးထဲမှာပဲ ကြည့်ရှုလိုက်ရအောင်နော်
Translated & Reviewed by Hlaing
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်