Bring Her Back 2025
ပိုက်ပါနဲ့ အန်ဒီတို့ နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် အရမ်းပဲ သံယောဇဥ် ရှိကြတဲ့ မောင်နှမ နှစ်ယောက်ပါ တစ်နေ့မှာတော့ ကင်ဆာရောဂါဖြစ်နေတဲ့ သူတို့ အဖေက ရေချိုးခန်းထဲမှာ ကိုယ့်ကိုယ်ကို သတ်သေပြီး သေဆုံးနေတာကို တွေ့ရပါတယ်
ဖခင်ဖြစ်သူ သေဆုံးပြီး နောက်မှာတော့ ပိုက်ပါလေးကို စောင့်ရှောက်ဖို့ အစ်ကိုဖြစ်သူ အန်ဒီကလည်း အသက်မပြည့်သေးတာကြောင့် မောင်နှမ နှစ်ယောက် ခွဲနေဖို့ အကြောင်းဖန်လာပါတော့တယ် ပိုက်ပါလေးက အလင်းရောင်နဲ့ ရှိတ်တွေကလွဲပြီး ဘာကိုမှ မမြင်ရတာပါ
ညီမလေးကို စိတ်မချတဲ့ အတွက် ခဏတာ ခေါ်ယူမွေးစားမယ့် လော်ရာဆိုတဲ့ အမျိုးသမီးအိမ်ကို အန်ဒီပါ လိုက်နေချင်လို့ တောင်းဆိုခဲ့ပါတယ် လော်ရာကလည်း လက်ခံလိုက်ပြီး အိမ်ကို လိုက်လာကြပါတယ်
လော်ရာ့ အိမ်ကို ရောက်သွားတဲ့ အခါမှာတော့ သူတို့အပြင် ထူးဆန်းတဲ့ ကောင်လေးတစ်ယောက်ကိုပါ မွေးစားထားတာကို တွေ့မြင်ရပါတယ် လော်ရာဆိုတဲ့ အမျိုးသမီးကလည်း ပိုက်ပါ အရွယ် သမီးလေး တစ်ဦးကိုပါ ဆုံးရှုံးထားတာပါ
ထူးဆန်းပြီး မူမမှန်တဲ့ လော်ရာကို အန်ဒီက တစ်ဖြည်းဖြည်း သိသွားတဲ့ အခါမှာတော့ သူ့ညီမလေးကို ကယ်ထုတ်နိုင်ပါ့မလား မောင်နှမ နှစ်ယောက်လုံး ထွက်ပြေးလွတ်မြောက်ပါ့မလားဆိုတာတော့ ဇာတ်ကားလေးထဲမှာ ကြည့်ရှုလိုက်တော့နော်
Translated & Reviewed by Hlaing
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
