“အချစ်တစ်ခု၏ အစပျိုးခြင်း”
သူဌေးမလေးနဲ့ ကလပ်ရဲ့ဧည့်ကြိုမယ်တိုကြားက GL အချစ်ဇာတ်ကားလေးတစ်ပုဒ်ကိုတင်ဆက်ပေးလိုက်ပါတယ်။
အေးစက်ပြီး အပြစ်ဆိုစရာမရှိအောင် ပြီးပြည့်စုံပုံရတဲ့ စီးပွားရေးလုပ်ငန်းစုကြီးရဲ့ အမွေဆက်ခံသူ ဖက်ခီနီဟာ တစ်ချိန်ကပင်လယ်ကမ်းစပ်မှာ ခဏတာအချစ်ဇာတ်လမ်းလေးဖန်တီးခဲ့ဖူးတဲ့ မိန်းကလေးပန်နဲ့ ပြန်လည်ဆုံတွေ့ခဲ့ပါတယ်။ ပန်ကတော့ အခုအချိန်မှာ ဘန်ကောက်မြိုက ဇိမ်ခံကလပ်တစ်ခုမှာ ဧည့်ကြိုမယ်တစ်ယောက်အဖြစ် အလုပ်လုပ်နေသူပါ။
ပန်ကို သူ့ရဲ့အနီးအနားမှာပဲထားဖို ဆုံးဖြတ်ထားတဲ့ ဖက်ခီနီက ပန့်ကိုကိုယ်ရေးလက်ထောက်အဖြစ် အလုပ်ခန့်လိုက်ပါတယ်။ ဒီလိုနဲ့သူတိုနှစ်ယောက်ဟာ ရင်ထဲမှာကျန်ရစ်နေဆဲဖြစ်တဲ့ ခံစားချက်တွေ၊ မာနတွေနဲ့ နာကျင်စရာ အထင်လွဲမှုတွေကို မဖြစ်မနေ ရင်ဆိုင်လာရပါတော့တယ်။
လျှိဝှက်ချက်တွေနဲ့ လူတန်းစားကွာဟမှုတွေက သူတိုနှစ်ယောက်ကို ဝေးကွာသွားအောင် ခြိမ်းခြောက်လာတဲ့အခါမှာတော့ သူတိုနှစ်ယောက်စလုံးဟာ တစ်ယောက်ကိုတစ်ယောက် အပြစ်တင်ဝေဖန်ခြင်းကင်းကင်းနဲ့ ယုံကြည်ချစ်မြတ်နိုးနိုင်ဖို သတ္တိရှိရဲ့လားဆိုတာကို ဆုံးဖြတ်ရပါတော့တယ်။




