IMDb…7.0ရရှိထားတဲ့ ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။
ဒီကားမှာမင်းသားကြီး တွန်ဟန့်ကပါဝင်သရုပ်ဆောင်ထားပါတယ်။
ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်တော့….
အငြိမ်းစားခြေလျင်တပ်သားဟောင်းဖြစ်တဲ့ ကပ္ပတိန် ဂျက်ဖာဆင်ကိုင်လ်ကစ်ဟာ
စိတ်ဝင်စားဖွယ် သတင်းလေးတွေဖတ်ပြပြီး ငွေရှာရင်း
တစ်မြို့ဝင်တစ်မြို့ထွက်သွားလာနေတဲ့သူပါ။
ဒီလိုလှည့်လည်နေရင်းနဲ့ တစ်နေ့မှာ
နှစ်အတော်ကြာကြာ အင်ဒီးယန်းသူပုန်တွေရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့
ကိုင်အိုဝါမျိုးနွယ်ကလေးမလေးနဲ့ တွေ့ခဲ့ပါတယ်။ကောင်မလေးကို သူ့ရဲ့ကျန်နေတဲ့မိသားစုဝင်တွေဆီ ပြန်ပို့ခိုင်းပေးဖို့
အကူအညီလိုက်ရှာခဲ့တယ်….ဘာသာစကားအခက်တွေကြောင့်ရော လမ်းခရီးမှာ အကြမ်းဖက်အဖွဲ့စုံများနေတာတွေရော
ဒုက္ခမျိုးစုံရှိနေတော့ ဒီအလုပ်ကို ပိုက်ဆံရရင်တောင်ကူညီဖို့လူမရှိကြဘူး…အဲ့ဒီနောက်တော့ သူကိုယ်တိုင်ပဲဒီ အန္တရယ်လမ်းကို
လိုက်ပို့ပေးဖို့ဖြစ်လာပါတော့တယ်….ထွေထူးတော့မညွှန်းတော့ပါဘူး….
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်ကြပါဉီး…..
Translated by – Nezu
Encoded by – Nezu