၁၇၁၉ ခုနှစ် ဆော့ဂျုံးဘုရင် နောက်ဆုံးမင်းဆက်မှာ အိမ်ရှေ့စံမင်းသားဟာ
နန်းဆက်မထွန်းကားနိုင်တော့ဘူးဆိုတဲ့ ကောလဟာလတွေပြန့်နှံနေခဲ့ပါတယ်…
ဒီကောလဟာလတွေကြောင့် ခေါင်းဆောင်မျိုးရိုး ေ
နာက်လိုက်မျိုးရိုးဆိုပြီး ပိုင်းခြားမှုတွေဖြစ်ပေါ်လာပါတယ်
ဒီလိုမျိုး ဆူပူမှုအတောအတွင်း ဂျိုဆွန်းပြည်မှာ ဆာဟွန်းဘူဆိုတဲ့
အာဏာအရှိဆုံးလူတွေပဲ ကျန်ခဲ့ကြပါတယ်
မျိုးရိုးနိမ့်တဲ့မိဘုရားကမွေးဖွားလာတဲ့ မင်းသားလီဂွန်းဟာ
ဒီလိုပိုင်းခြားမှုတွေကြောင့် အိမ်ရှေ့စံဘွဲ့နဲ့လွဲခဲ့ရပြီး
ကိုယ်တိုင်လည်းအိမ်ရှေ့စံဖြစ်မှန်းတောင် မသိပါဘူး
ဒီလိုအချိန်မှာ ထက်မြက်လှတဲ့ မင်းသားလီဂွန်းရယ် မတရားမှုတွေကို
ဖော်ထုတ်ဖြေရှင်းရာမှာ သူမတူအောင် ထူးချွန်လွန်းပြီး ကိုယ်ခံပညာအပြင်
နိုင်ငံခြားဘာသာစကာကိုလည်း ကျွမ်းကျင်စွာပြောတတ်တဲ့ ယောဂျီရယ်
ဉာဏ်ရည်နိမ့်ပါးပေမယ့် အရာရှိစာမေးပွဲကိုအောင်မြင်ချင်လို့
အကြိမ်ကြိမ်ကြိုးစားနေရှာတဲ့ ကြင်နာတတ်တဲ့ကောင်လေးပတ်မွန်ဆူးရယ်
ကိုယ်ခံပညာတော်တဲ့ နာမည်ကြီးဒယ်မွန်ရယ် လေးယောက်ပူးပေါင်းပြီးတော့
ဆာဟွန်းဘူကိုပြန်လည်ဖွဲ့စည်းဖို့နဲ့ မင်းသားလီဂွန်းကို
မင်းအဖြစ်ဆက်ခံနိုင်ဖို့အတွက် အတူတူကြိုးစားကြမှာပါ
သမိုင်းနောက်ခံ ဒဏ္ဍာရီဆန်တဲ့ ဒီနန်းတွင်းကားလေးမှာတော့
နန်းတွင်းကားတို့ ထုံးစံအတိုင်း အမတ်ဝန်ကြီး မိဖုရားနှင့်ဘုရင်အရှုပ်တော်ပုံကြီးကို
စိတ်ဝင်စားဖွယ်ကြည့်ရှုရပါလိမ့်မယ်
ဒီဇာတ်လမ်းလေးကတော့ မင်းသားချော ဂျန်အီဝူး (Jung Ii Woo) နဲ့
မင်းသမီးချောလေး ဂိုအာရာ (Go Ah Ra) တို့ ပါဝင်သရုပ်ဆောင်ထားကြတဲ့
Rating 8.0/10 ရရှိထားတဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်