ကဲ …..
Horror ကား ကောင်းကောင်း
ကြိုက်သူမျာအတွက် လာပါပြီဗျာ။
လာတာမှ တစ်ကားတည်း မဟုတ်ဘူး ခင်ဗျ။
တစ်ဒါဇင်တိတိပါ။ စုစုပေါင်း သည်းထိတ်ရင်ဖို
တစ်ပိုင်း ကို ၂ ပုဒ် နှုန်းနဲ့ ၆-ပိုင်းတိတိ ပါတဲ့ ဇာတ်လမ်းတွဲပါ။
ကျွန်တော်တော့ ဘယ်လိုခံစားရလဲဆိုတော့
ငယ်ငယ်က ဒဂုန်ရွှေများ ဝတ္ထုတွေ ဖတ်ရသလိုပါပဲ။
တစ်ပိုင်းချင်းစီကို ရင်တထိတ်ထိတ် နဲ့ ကြည့်နေရတာပါ။
တစ်ပိုင်းချင်းစီရဲ့ ဇာတ်လမ်းတိုင်းကလည်း
အချိန်သာတိုပေမယ့် ဇာတ်လမ်းဇာတ်အိမ်ကတော့ ခိုင်မာပါတယ်။
ဘာလို့ ခိုင်မာလဲဆိုတော့ အဓိက က Stephen King ရဲ့ ဝတ္ထုတချို့ကို
အခြေခံပြီး အခြားသည်းထိတ်ရင်ဖို စာရေးဆရာတွေရဲ့
လက်ရာတွေနဲ့ ဝန်းရံထားတဲ့ ဇာတ်လမ်းတွဲ ဖြစ်နေလို့ပါ။
တစ်ကားနဲ့တစ်ကားက အဆက်အစပ်မရှိတဲ့အတွက်
တစ်ပုဒ်ချင်းစီ ခံစားလို့ ရပါတယ်။
Creepshow 1 နဲ့ 2 ကို ရုပ်ရှင်ထွက်ခဲ့ဖူးတဲ့အတွက်
ဒါကို ကြည့်ဖူးတဲ့လူတွေကတော့ အကြောင်းသိပြီးသားဖြစ်မှာပါ။
မကြည့်ဖူးသေးတဲ့လူတွေအတွက်ကတော့ ………..
Jumpscare တွေ ပါပါမယ်။
သွေးထွက်သံယိုတွေ ပါပါမယ်။
R-rated ပါ။
အသည်းငယ်သူများ ကလေးသူငယ်များ မကြည့်သင့်ပါ။
၂၀၁၉ ခုနှစ်က ထွက်ရှိထားပေမယ့် Popularity က
ဆက်တိုက်တက်နေတာပါ။ အိမ်မှာနေရင်း
သရဲကားကောင်းကောင်း ကြည့်ကြမယ်ဗျာ။
IMDb Rating က 7.1/10 ဖြစ်ပြီးတော့
Rotten Tomatoes ကတော့ 96% ရှိပါတယ်။