Switch Mode

Lolita Movie

Movie Sub Released on May 23, 2021 · ? views · Posted by admin · Series Lolita
Expand
Turn Off Light
Download
This title has been categorized as 'mature', therefore may contain intense violence, blood/gore, sexual content and/or strong language that may not be appropriate for underage viewers.
Sharer 1280P 1080P
Mega 1280P
Mega 1080P

Download Lolita Movie, Watch Lolita Movie, don't forget to click on the like and share button. Series Lolita always updated at MMFILM. Don't forget to watch other series updates.

Movie

Lolita

Lolita

Rating 6.9
Status: Completed Released: 25 Sep 1998 Duration: 137 min Country: , Type: Movie Director: Casts: , , ,
ဒီရက်ပိုင်း ကျွန်တော် ကြည့်ဖြစ်တဲ့ကားတွေက Age Gap ကြောင့် ဖြစ်တဲ့ အကြောင်းအရာ တွေကို ဇာတ်လမ်း လုပ်ထားတာတွေများပါတယ် ။ အဲ့ထဲက မှ အကြိုက်ဆုံးဆို Leon the Professional , An Education နဲ့ Lolita ပါပဲ ။ Lolita ကတော့ အကြိုက်ဆုံးပေါ့ ။ ရုပ်ရှင် မကြည့်ခင်ဝတ္ထုဖတ် ဖြစ်ကတည်းက Lolita ကို အတော် သဘောကျခဲ့မိတာပါ ။ ဝတ္ထုကတော့ ရုရှား စာရေးဆရာ တစ်ဦးဖြစ်တဲ့ Vladimir Nabokov ရေးသားခဲ့တာဖြစ်ပြီး ရုပ်ရှင် အဖြစ် 1962 မှာ တစ်ကား ၊ 1997 မှာ တစ်ကား ရိုက်ကူး ထုတ်ဝေခဲ့ပါတယ် ။ ကျွန်တော်ကြည့်ဖြစ်တာတော့ 1997 မှာရိုက်တဲ့ ကားပါ ။ Lolita အဖြစ် ကျွန်တော်တို့ ရဲ့ မင်းသမီးချောလေး Dominique Swain ကပါဝင် သရုပ်ဆောင်ထားပြီး မင်းသား ကတော့ Jeremy Irons ဖြစ်ပါတယ် ။ မြင်သာအောင် ပြောရရင် ဒီဇာတ်ကားက ” ဦးနဲ့ သမီး” အချစ်ဇာတ်လမ်းပါ ။ Dominique Swain အနေနဲ့ ဒီကားရိုက်စဉ်မှာ အသက် ၁၇ နှစ်သာ ရှိသေးပြီး ၁၂ နှစ် အရွယ် မိန်းမပျိုလေး အဖြစ်ပါဝင်သရုပ်ဆောင်ထားပါတယ် ။ ကျွန်တော် စဉ်းစား မိသလောက်တော့ အဲ့ခေတ် အနေနဲ့ဆိုရင် ဒီကားမျိုးက အတော်ပြောခံ၊ အဝေဖန်ခံရမယ့် ကားမျိုးဗျ ။ ဘာကြောင့်ဆို ကျွန်တော် အခု ၂၀၁၈ မှာကြည့်တာတောင် Lolita ရဲ့ ဝတ်စားဆင်ယင် ပုံတွေက အတော်ခေတ်ဆန်ပါတယ် ။ တစ်ကားလုံးနီးပါးမှာ Lolita ဟာ အတွင်းခံသာသာ ရင်ပြတ်အင်္ကျီတွေကို Design စုံ ၊ အဆင်စုံ ဝတ် ဆင်သွားတာ တွေ့မြင်ရမှာပါ ။ ဒါပေမယ့် တော်တော်လှတယ် ဆိုတာလည်း ငြင်းလို့မရပါဘူး ။ ဇာတ်အိမ် အကျဉ်းကတော့ Lolita တို့ မုဆိုးမ သားအမိ အိမ်ကို Humbert က အိမ်ငှားအဖြစ် ရောက်လာခဲ့ပါတယ် ။ အဲ့အချိန်မှာ Humbert က အသက် ၃၆ နှစ်ဖြစ်ပြီး Lolita က ၁၂ နှစ်ပါ ။ ပြောရရင် Humbert က ဒီအိမ်ကိုငှား ဖြစ်ခဲ့တာ Lolita ကိုကြွေနေလို့ပါ ။ ဒါပေမယ့် အကြောင်းကြောင်းကြောင့် Lolita ရဲ့ အမေဖြစ်သူ နဲ့ Humbert က လက်ထပ် ဖြစ်ခဲ့ပါတယ် ။ ဒါပေမယ့် Humbert ရဲ့ စိတ်ရင်းအမှန်မှာ တကယ်ချစ်တာကတော့ Lolita ကိုပါပဲ ။ ဒီရုပ်ရှင်ကတကယ်ဆို ကျွန်တော် အထက်မှာ ပြောခဲ့သလိုပါပဲ ။ တကယ်ကို အပြောဆို ၊ အဝေဖန်ခံရမယ့် ဇာတ်ကားမျိုးပါ ။ ဒါပေမယ့် ပရိသတ် တော်တော်များများ သဘောကျရတဲ့ အချက်ကတော့ ဇာတ်အိမ် တည်ဆောက်ပုံနဲ့ Lolita နဲ့ Humbert တို့ရဲ့ ပီပြင်လွန်းတဲ့ သရုပ်ဆောင်မှု တွေကြောင့်ပါပဲ ။ Lolita ဟာ တကယ်ပဲ ကျွန်တော် တို့ လူ့အဖွဲ့အစည်းဆိုင်ရာ စံချိန်စံညွှန်းတွေကို သိသိသာသာ ဖောက်ထွက် ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်တဲ့အတွက် မကြည့်ဖြစ်သေးဘူး ဆိုရင်တော့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ကျွန်တော် တိုက်တွန်းလိုက်ပါတယ် ။