Godzilla နဲ့ တခြား Titan ရဲ့ နောက်ဆုံးတိုက်ပွဲမှာ ဂေါ်ဇီလာကသူ့ရဲ့ပြိုင်ပွဲကို အနိုင်တိုက်ပြီး ကမ္ဘာလောကကြီးရဲ့ ကယ်တင်ရှင်အဖြစ် သတ်မှတ်လိုက်ကြပါတယ်။ ဒီအချိန်မှာ King Kong ကတော့ ဖန်တီးထားတဲ့ Kong Skull island မှာ ရှိနေတာပါ။
အရာအားလုံး ၃ နှစ်လောက်အေးချမ်းနေချိန်မှာ Godzilla က Apex Cybernetics ဆိုတဲ့ နည်းပညာကုမ္ပဏီတစ်ခုကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်တာကြောင့် အရာအားလုံးပြောင်းလဲသွားပါတော့တယ်။ Apex ရဲ့ ဥက္ကဌဖြစ်သူဝေါ်လ်တာကတော့ Godzilla ကို ရင်ဆိုင်ဖို့ အစီအစဉ်ရှိတယ်လို့ ပြောသွားပေမယ့် ဘာရယ်လို့တော့မရှင်းပြခဲ့ပါဘူး။ ဝေါ်လ်တာက သူ့ရဲ့အစီအစဉ်ကိုအကောင်အထည်ဖော်ဖို့အတွက် ဒေါက်တာနေသန်ကို စည်းရုံးရင်း Hollow Earth ကို သွားဖို့ စီစဉ်တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲ။
ဒီခရီးစဉ်ထဲကို Skull Island မှာရှိနေတဲ့ King Kong ကရော ဘယ်လိုပါလာမလဲ။ ဂူတစ်ဂူမှာ ကျားနှစ်ကောင်မအောင်းဆိုတဲ့အတိုင်း အခြား Titan တစ်ကောင်ကို ခံစားမိတဲ့ Godzilla ကရော သူတို့ကိုလွှတ်ပေးမှာလား။ ရန်သူလိုတိုက်ခိုက်နေတဲ့ Godzillaနဲ့ King Kong တို့တိုက်ပွဲမှာ အနိုင်ရသူကရော ဘယ်သူဖြစ်မလဲ။ နောက်ဆုံးမှာ သူတို့နားလည်မှုရမလား တစ်ကောင်ရဲ့သေခြင်းနဲ့အဆုံးသတ်မလားဆိုတာကို ဒီ Godzilla vs King Kong ဆိုတဲ့ရုပ်ရှင်လေးကိုကြည့်ရှုရင်း အဖြေအတူတူရှာကြရအောင်ပါ။
-=-=-=-=-=-=-=-=-=-=-=
Translated & Encoded By Xenon
Resolution- 1280P
Size – 1.5GB
-=-=-=-=-=-=-=-=-=-=-