ဒီတစ်ခါကားလေးကတော့ Actionပုံစံ ကားလေးကိုမှ crime ဘက်နည်းနည်းရောထားပါတယ်။ရဲတွေ အကျင့်ပျက် ခြစားပြီး အာဏာအလွဲသုံးစားလုပ်တဲ့ အကြောင်းရိုက်ကူထားတဲ့ကားလေးပါ။ သူတို့လိုချင်တာရဖို့ လူတွေကတော့ အသုံးချ ခံရတာပေါ့။
ရှာနွန်း ဟာ သူ့ဖခင် ရဲ့အရိုးပြာကို ကျဲဖို့ ယခင်က သူဖခင်နေထိုင်တာ တောတောင် လေးတစ်ခုဆီကိုလာခဲ့ပါတယ်။ အဲဒီတောင်က အတော်ကို ကြမ်းပါတယ်။
သူအနေနဲ့ တက်ဖို့မလွယ်ကူခဲ့ပါဘူး။ အဲလိုနဲ့ တောင် ရဲ့နေရာတစ်ခုမှာ ရဲမေနဲ့ လူတစ်ယောက် ဘိန်းမှောင်ခိုလုပ်နေတာကိုတွေ့သွားပါတော့တယ်။ အဲကနေ စကားများရင်းကနေ ရဲမေက သူနဲ့လုပ်ငန်လုပ်တဲ့သူကို သတ်ပစ် လိုက်တော့တာပေါ့။ ရှာနွန်းကလည် ဗီဒီယို ရိုက်လျက်သားပါပဲ။ ဒါကိုရဲမေမြင်သွားတော့ ရှာနွန်းကို သတ်ဖို့ လုပ်ပါတော့တယ် ။ အဲနောက် သူလူတွေကို လှမ်းအကူအညီတောင်းတော့တာပေါ့။
အဲဒီလိုတွေ ဖြစ်နေချိန်မှာမိန်မဆိုးပြီး စိတ်ထိခိုက်နေတဲ့ အသက်ကြီးပိုင်းလူတစ်ယောက်ကလည်း တောင်ပေါ်တက်လာပါတော့တယ်။ သူလည်း အဲဒီ အဖြစ်အပျက်ကိုသိသွားတာပေါ့။ ရဲတွေကလည်း သူတို့လုပ်ရက်ကို မသိစေချင်တော့ အဲတောင်ပေါ်က ရှိတဲ့ ရှာနွန်းတို့ကို လက်စဖျောက်ဖိုလုပ်ပါတော့မယ်။
တစ်လှေတည်းစီးသမားချင်း ပေါင်းမိပြီးအမှန်တရားကို ဖော်ထုတ်ဖို့လုပ်ပါတော့တယ်။ ပေးဆပ်မှု၊ စတေးမှုတွေလည်းရှိခဲ့တာပေါ့။ ဘယ်သူတွေ စတေးရမလဲဆိုတာလည်း စိတ်ဝင်စားစရာပါ။ ကားကောင်းလေးမလို့ ကြည့်လိုက်ကြပါဦး
-=-==-==-=-=-===-=
Translated & Encoded By Xenon
Resolution - 1080P
Size - 1.4GB
-=-=-=-=-=-=-=-