မကြာသေးခင်ကလောလောလတ်လတ်ထွက်ရှိထားတဲ့ ဂျပန်ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်
ဇာတ်လမ်းအကျဉ်းကတော့ အိုဆာကာမှာကျင်းပခဲ့တဲ့ မိသားစုအခမ်းအနားတစ်ခုမှာ အရှိန်အဝါကြီးတဲ့ တာကီကာဝါခေါင်းဆောင်ကြီးတစ်ဦးနဲ့
သူ့မိသားစုတစ်ခုလုံး ရက်ရက်စက်စက် အသတ်ခံခဲ့ရပေမယ့် အငယ်ဆုံးသမီးလေး အာကီမီကတော့ အသက်ဘေးက လွတ်မြောက်ခဲ့တယ်။
နှစ်ပေါင်းများစွာကြာပြီးတော့ ဘရာဇီးလ်နိုင်ငံက ဆေးရုံတစ်ခုမှာ ဓားတစ်လက်ကိုမှတ်မိပြီး ကျန်တဲ့အတိတ်အားလုံးမေ့နေတဲ့ နိုင်ငံခြားသားတစ်ဦးရောက်လာတယ်။
နောက်ပြီးတော့ သွေးအေးအေးနဲ့လူသတ်တတ်တဲ့ ဂျပန်လူမျိုး တာကီရှီကလည်း အရေးကြီးသတင်းတစ်ခုကြောင့် အဲဒီကိုရောက်လာတယ်။
ကိုယ်ခံပညာအထူးကျွမ်းကျင်သွားတဲ့ အာကီမီကလည်း ပဟေဠိဆန်တဲ့ သူ့အဖိုးဘယ်သူဆိုတာကိုအတိအကျသိရဖို့ ဆက်နွယ်သူတိုင်းကို လိုက်မေးနေတယ်
သူတို့သုံးဦး မထင်မှတ်ဘဲ ဆုံဆည်းပတ်သက်မိတဲ့အခါ…
Translated by – Miki
Encoded by – Aye Chan




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)