Switch Mode
The Girl Who Killed Her Parents
Trailer
Bookmark
Followed 1 people

The Girl Who Killed Her Parents

Watch full episodes The Girl Who Killed Her Parents, download The Girl Who Killed Her Parents english subbed, The Girl Who Killed Her Parents eng sub, download The Girl Who Killed Her Parents eng sub, stream The Girl Who Killed Her Parents at MMFILM.
Status: Completed Released: 02 Apr 2020 Duration: 80 min Country: Type: Movie Episodes: 2 Director: Casts: , , Posted by: admin Released on: Updated on:
Watch streaming The Girl Who Killed Her Parents English Subbed on MMFILM. You can also download free The Girl Who Killed Her Parents Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, The Girl Who Killed Her Parents on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis The Girl Who Killed Her Parents

အခုတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ Imdb rating 6.4 ရရှိထားပြီးတော့ ..

ဖြစ်ရပ်မှန်ဇာတ်ကားလေးကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးအကြောင်းပဲဖြစ်ပါတယ်

ဖြစ်ရပ်မှန်ကိုပြန်ပြီးတော့ရိုက်ကူးထားတဲ့ ဇာတ်ကားတွေတော်တော်များများထဲမှာမှ ဒီဇာတ်ကားလေးက နည်းနည်း phsyco သဘောမျိုးပါလာတာကို တွေ့ရမှာပါ

2006 ခုနှစ်နောက် လေးနစ်ကြာမှာဖြစ်တည်ခဲ့တဲ့ ဒီလို ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ကြည့်ရှုနိုင်အောင်ရိုက်ကူးတင်ဆက်ပေးသူကတော့ Mauricio Eça လို့အမည်ရတဲ့သူပဲဖြစ်ပါတယ်

Brazil နိုင်ငံကိုအခြေပြုပြီးရိုက်ထားတဲ့ ဒီကားဟာဆိုရင် ထုတ်လုပ်တဲ့ နှစ်ကတော့ ၂၀၁၉ ကတည်းထုတ်လုပ်ခဲ့တာဖြစ်ပြီး အခု ၂၀၂၁ ခုနှစ်မှထွက်ရှိလာတာဖြစ်ပါတယ်

တစ်ကယ့်လက်တွေ့အဖြစ်ပျက်မှာ၂၀၁၆ ခုနှောင်းပိုင်း လေးနစ်ကြာမှ ပေါ်ထွက်လာတဲ့ မာဒီဆာ နဲ့ ဖရက် တို့ရဲ့ အသတ်ခံရမှုကို သံသယရှိသူအဖြစ်နဲ့ ခုံရုံးတင်စစ်ဆေးခံရတာကတော့ သူ့တို့ရဲ့ သမီးဖြစ်သူ ဆုဇနီ ဆိုသူနဲ့ သူ့ရဲ့ ရည်းစား ကောင်လေးပဲဖြစ်ပါတယ် …

သူတို့ကိုစစ်ဆေးမေးမြန်းရာမှာတော့ ကောင်မလေးက သူဟာ အပြစ်ကင်းစင်ကြောင်း ပြီးတော့ သူ့ကောင်လေးက သူ့ကိုအတင်းအကြပ်စေခိုင်းကာ ခိုင်းစေခဲ့ကြောင်း အစရှိတာတွေကိုထည့်သွင်းပြောဆိုခဲ့ပြီးတော့ သူ့ရည်းစားရဲ့အစ်ကို ဖြစ်သူ ဒန်နီရယ်လည်းပါ၀င်နေကြောင်းကို ပြောဆိုခဲ့ပါတယ် ..

ဒီလိုလူသတ်မှုဟာလည်း သူ့ကောင်လေးရဲ့ငွေကြေးမက်မောမှုတွေ လောဘတွေကြောင့်သာဖြစ်ရတယ်ဆိုပြီး ထည့်သွင်းပြောဆိုထားပါသေးတယ် ဒီအမှုကိုတော့ globol network ဆိုတဲ့ တရားရုံးမှာစစ်ဆေးကြားနာခဲ့ပြီးတော့ ရှေ့နေအဖြစ် Denivaldo barni က စစ်ဆေးကြားနာခဲ့ပါတယ် လအတော်ကြာမှာတော့ တရားခွင်က သူတို့ရည်းစားနစ်ယောက်ဟာ အပြစ်ရှိကြောင်း ပြသခဲ့ပြီး အပြစ်ကျူးလွန်သူ ရည်းစားနှင့် ကောင်မလေးတို့ကို အလုပ်ကြမ်း ၆ လ ထောင်ဒဏ် ၃၉ နှစ်စီချမှတ်ကာ ကြံရာပါဖြစ်သူ ဒန်နီရယ်ကိုတော့ ထောင်ဒဏ် ၃၆ နှစ်နဲ့ အလုပ်ကြမ်း ၆ လ ချမှတ်ခဲ့ပါတယ် ။

ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုဖြစ်စဥ်ဆိုတာက တော်တော်ကိုထူးဆန်းတဲ့ဖြစ်စဥ်တစ်ခုပါ ဘာကထူးဆန်းသွားစေသလဲဆိုရင် ကောင်မလေးက သူ့ကိုကောင်လေးက အနင်းစေခိုင်းပြီး ကောင်လေးသတ်တယ် ပြောခဲ့သလို ကောင်လေးကလည်း ကောင်မလေးက အစီစအဥ်ချပြီးတော့ သူ့ကိုခိုင်းစေခဲ့တာလို့ အချင်းချင်းအပြစ်လွဲချရင်း ထွက်ဆိုခဲ့ကြလို့ပါပဲ…

ဒါကြောင့်မို့လို့ပဲ ဒီဇာတ်ကားလေးက အများနဲ့မတူပဲ ပုံစံနစ်မျိုးနဲ့ထွက်ရှိလာခြင်းဖြစ်ရပါတယ် အားလုံးနားလည်နိုင်အောင်ရိုက်ပြထားတာဖြစ်ပြီးတော့ တစ်ကားက ကောင်မလေးက ကောင်လေးကို လွဲချထားတာတွေရိုက်ထားတာဖြစ်ပြီး နောက်တစ်ကားမှာတော့ ကောင်လေးက ကောင်မလေးကိုလွဲချပြောဆိုထားတာတွေကိုရိုက်ပြထားတာပါ

အရမ်းကိုပညာသားပါ ပါတယ် ကျူးလွန်ခဲ့တဲ့နစ်ယောက်ကလည်း လုံး၀ကို ဥပဒေကိုထိန်းချုပ်ပြီးတော့ လုပ်ခဲ့ကြတဲ့သဘောသက်ရောက်နေတာကိုလည်းမြင်တွေ့ရမှာပါ .. အစပြန်ကောက်ပြီးပြောရင်တော့ ကောင်မလေးနဲ့ကောင်လေးက လူသတ်မှုကျူးလွန်ထားပြီး ရဲကိုခေါ်ကာ သူတို့တွေအပြစ်လွှန်မယ့် ဇာတ်လမ်းတစ်ခုကိုဖန်တီး ပြောဆိုခဲ့ပါတယ်

ဒါကြောင့်ပဲ အလောင်းတွေကိုစစ်ဆေးပြီးတော့ နောက်ကြောင်း လိုက်ချိန်တွေကိုပေါင်းစပ်လိုက်တဲ့အခါမှာ သက်သေအထောက်အထားများစွာလိုအပ်နေတဲ့အတွက် အချိန်ကာလ လေးနစ်ထိကြာမြင့်ခဲ့တာပါ ဒီအကြောင်းကို စိတ်၀င်စားဖို့ကောင်းလှအောင် ပြောင်ပြောင်မြောက်မြောက် ရိုက်ကူးပြထားတဲ့ဇာတ်ကားဆိုလည်းမမှားပါဘူး

ကြည့်ရှုသူတွေအနေနဲ့ပြောရမယ်ဆိုရင်တော့ ငယ်ငယ်လေးကတည်းက အဖိနိပ်ခံခဲ့ရတဲ့ ဆုဇနီ ဆိုတဲ့ကောင်မလေးက ချစ်သူကောင်လေးရသွားပြီ ကောင်လေးက သူမအခြေအနေတွေကိုသိသွားတဲ့အခါမှာ လောဘဇောတွေနဲ့တစ်ဖက် ကောင်မလေးကလည်းချစ်သူရှိလာတဲ့အခါ လူငယ်သဘာ၀ ပြောင်းလဲချင်ပြီ လူကြီးဖြစ်နေပြီဆိုတဲ့အယူအဆတွေကြောင့် တစ်ဖက်နဲ့ မိဘတွေနဲ့စိတ်၀မ်းကွဲမှုတွေတစ်စတစ်စ ဖြစ်ပေါ်လာပြီးတော့ သူ့ဖက်ကကြည့်လည်း သူမှန်တယ် မင်းဖက်ကကြည့်လည်း မင်းမှန်တယ်ဆိုတဲ့အခြေအနေတွေရောက်ရှိလာတာပါ

ဒီတော့ လောဘတွေ အငြင်းပွားမှုတွေ များလာတဲ့အခါ မသိလိုက်တဲ့အချိန်မှာပဲ အပြစ်တွေကိုကျူးလွန်မိကြပါတယ် ဒီလိုပါပဲ ဆုဇနီရဲ့ကောင်လေးနဲ့ သူမတို့ဟာလည်း အပြစ်တွေကိုကျူးလံန်ပြီးတဲ့နောက်မှာ အမှန်တရားဆိုတာကို မျက်ကွယ်ပြုဖုံးကွယ်ဖို့အတွက် လုပ်ဆောင်ခဲ့ကြပါတယ်

ဒီဇာတ်ကားက တရားရုံးနဲ့ ဖြစ်စဥ်တွေကိုသေချာမရိုက်ပြထားပေမယ့်လည်း ကောင်မလေးနဲ့ကောင်လေးတို့ အချင်းချင်း လွဲချနေတာတွေနဲ့ သူတို့တွေကြောင့်ပြဿနာဟာထပ်ခါထပ်ခါ ဖြစ်နေတယ်ဆိုတာကိုရိုက်ပြထားတာပါ

ဒီဇာတ်ကားဖြစ်မြောက်လာဖို့အတွက်ကိုတော့ နစ်နာသူမိသားစုရဲ့ ဆွေမျိုးတွေကို အကြောင်းအရာကောက်ခံပြီး စနစ်တစ်ကျစစ်ဆေးကာ နာမည်တွေကိုနည်းနည်း လွဲထားပြီးတော့ရိုက်ကူးခဲ့ကြတာပါ

ဆိုတော့ ဒီဇာတ်ကားတစ်ကားဖြစ်လာဖို့အတွက်ပေးဆပ်ထားတာတွေကလည်း အများကြီးပါ အစကတော့ ထုတ်လုပ်သူတွေက ဒီဇာတ်ကားကို တစ်ပိုင်းတည်း ထုတ်မယ်လို့တွေးထားပေမယ့်

ကောင်မလေးနဲ့ကောင်လေးတို့ရဲ့ အပြစ်လွဲချပုံတွေက ဆင်တူနေပြီး တစ်ယောက်ကိုတစ်ယောက်အပြစ်မရှိအောင်ပြောဆိုနေကြတဲ့အတွက် တစ်ကယ့်ခုံရုံးကအခါခါစစ်ဆေးရသလိုပဲ ကြည့်ရှုရသူတွေကို အမြင်နစ်ဖက်ကနေ ခံစားနိုင်စေဖို့ ပုံစံနစ်မျိုးနဲ့ ရိုက်ကူးပြထားတာပါ။

ဆိုတော့ဒီဇာတ်ကားလေးမှာသရုပ်ဆောင်ရတဲ့သူတွေကလည်း အချိန် ၃၃ ရက်ကြာမြင့်အောင် ရိုက်ကူးရေးမှာ အမှားတွေဖြစ်ခဲ့ရပြီး အထပ်ထပ် ပြင်ဆင်မှုတွေလည်း ကြုံတွေ့ခဲ့ရတာပါ

ပရိတ်သတ်တွေကို ရသနစ်မျိုးပေးနိုင်ဖို့အတွက် ဇာတ်ညွှန်းဆရာတွေနဲ့ ဒါရိုက်တာတွေရဲ့ ကြိုးစားထားမှုတွေကို ဒီကားမှာမြင်တွေ့နိုင်ပါတယ်

တူညီနေတဲ့ မြင်ကွင်းတွေနဲ့ မတူညီတဲ့ သရုပ်မှုကို ဖော်ကျူးဆိုတာ ခက်ခဲလှတဲ့အလုပ်ပါ ဒီလိုအခက်အခဲတွေကြားထဲကမှ အပြောင်မြောက်ဆုံးဖြစ်စေဖို့ ရိုက်ကူးထားတဲ့ The Girl Who Kill Her Parents and The Boy Who Kill My Parents ဆိုတဲ့ဇာတ်ကားလေးကို ဖြစ်ရပ်မှန် အနေနဲ့ ကြည့်ရှုနိုင်အောင်လို့ ပုရိတ်သတ်ကြီးအတွက် တစ်ဆင့်ကျွန်တော်တို့ M.M Flim page ကနေ ထပ်ဆင့်တင်ဆက်ပေးလိုက်ပါတယ် ။
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-
Translated By Tayote Gyi
Review By Tayote Gyi
Size – 700MB
Resolution – 1080P
-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=-=

Watch The Girl Who Killed Her Parents