ဒီတစ်ခါတော့ ရိုမက်ဆန်ဆန်ကြိုက်တဲ့သူတွေအတွက် Dali and the Cocky Prince ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းလေးကတော့...
Moo Hakဆိုတဲ့ကောင်လေးဟာဆိုရင် ငယ်စဥ်ကတည်းက ကိုယ့်ဝမ်းကိုယ်ကျောင်းပြီးတော့ ရှင်သန်လာရတဲ့သူဖြစ်ပါတယ် ။ သူ့ရဲ့ဝင်သက်ထွက်သက်တိုင်းကလည်းပိုက်ဆံမှပိုက်ဆံပါပဲ။
သူတို့မိသားစုဟာဝက်နံရိုးမီးတောက်ဆိုင်လေးဖွင့်ရင်းကနေ တစ်နေ့တော့ ကံကောင်းမှုတွေရောက်ရှိလာပြီးတော့ ဒုန်ဒုန်F& B ဆိုတဲ့စားသောက်ကုန်လုပ်ငန်းကြီးတစ်ခုကိုထူထောင်နိုင်ပြီး သူကMDဖြစ်လာပါတော့တယ်။
ဒါလီဆိုတဲ့ကောင်မလေးကတော့ လူကုန်ထံအသိုင်းအဝိုင်းကကျော်ဇောတဲ့မိန်းကလေးတစ်ယောက်ဖြစ်ပြီးတော့ မိသားစုပိုင် အနုပညာပြခန်းကိုဖခင်ဖြစ်သူကဦးစီးထားပါတယ်။
တစ်ရက်တော့ ဖခင်ဖြစ်သူကွယ်လွန်သွားပြီး အကြွေးတွေနဲ့ကျန်ခဲ့တဲ့အနုပညာပြခန်းကို ဒါလီတစ်ယောက်ဦးဆောင်ရမယ့်အချိန်ကျရောက်လို့လာခဲ့ပါတယ်။
အဲ့အချိန်မှာအကြွေးရှင်ကတော့ Moo Hakဆိုတဲ့ကောင်လေးဖြစ်ပြီးတော့ အကြွေးရှင်နဲ့အကြွေးဆပ်မယ့်သူကြားကနေ ဘယ်လိုမျိုးသံယောဇဥ်အနှောင်အဖွဲ့တွေဖြစ်ပေါ်လာမလဲဆိုတာကို ကြည်ကြည်နူးနူနဲ့ခံစားကြည့်ရှုရမှာပဲဖြစ်ပါတယ်။
Translated and Encoded by MMFilm