Netflix ကနေ အစအဆုံးထွက်လာတဲ့ သည်းထိတ်ရင်ဖို ထိုင်းဇာတ်လမ်းတွဲလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
လွိင်းပြည်နယ်၊ ချင်းခန်းမြိုလေးမှာ ကလေးတစ်ယောက် ပျောက်ဆုံးသွားတဲ့အခါ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖုံးကွယ်ထားခဲ့တဲ့ သရဲဖုန်ဒဏ္ဍာရီ ပြန်လည်နိုးထလာပြီး မြိုသူမြိုသားတွေကြား အကြောက်တရားတွေ ကြီးစိုးလာပါတယ်။ တရားခံကို အသည်းအသန် ရှာဖွေရာကနေ မှတ်ဉာဏ်ချိုယွင်းမှုရောဂါခံစားနေရလို ကိုယ့်ကိုယ်ကိုယ် မကာကွယ်နိုင်တဲ့ ကျောင်းဆရာအဘိုးအို 'နာရုန်' ဟာ လူသတ်မှုရဲ့ အဓိကသံသယရှိသူ ဖြစ်လာပါတော့တယ်။
ဒီအခြေအနေမှာ အထက်တန်းပြကျောင်းဆရာမဖြစ်တဲ့ သမီးဖြစ်သူ 'ဝမ်' က ဖခင်ဟာ မိစ္ဆာမဟုတ်ဘဲ လူမမာတစ်ဦးသာဖြစ်ကြောင်း သက်သေပြဖို မြိုခံတွေရဲ့ ကောလာဟလတွေကို ရင်ဆိုင်ရပါတော့တယ်။ ဒါပေမဲ့ အမှန်တရားနဲ့ နီးစပ်လာလေ သူ့ရဲ့ မိသားစုဝင်တွေကိုယ်တိုင်က ပိုပြီးစိမ်းသက်လာလေဖြစ်နေတဲ့ ဒီလျှိဝှက်သည်းဖိုဇာတ်လမ်းမှာ ဝမ်တစ်ယောက် အဖြေမှန်ကို ဖော်ထုတ်နိုင်ပါ့မလားဆိုတာ ယခုပဲ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။
Translated by Bex & Rin
Encoded by KIRA