ဒီတစ်ခါတော့ ကားဟောင်း ကားကောင်းလေးကို ပြန်လည်တင်ဆက်လိုက်ပါတယ်။
ဘုန်းတော်ကြီးတစ်ပါး..နယ်လှည့်အရောင်းသမားတစ်ယောက်..နယ်ဝေးကနေပွဲတစ်ခုအတွက်ရောက်လာတဲ့ အဆိုတော်တစ်ယောက်… လမ်းကြုံ၀င်တည်းတဲ့ ခပ်ဟော့ဟော့ကောင်မလေးတစ်ယောက်..ဘုရားမဲ့ လူရမ်းကားတစ်သိုက်…..
ဒီလူတွေဆုံကြတဲ့အခါ အယ်လ်ရွိင်ရယ်က တစ်ညတာ ငရဲခန်းဖြစ်သွားခဲ့ရတယ်….
ဟိုတယ်ရဲ့တစ်ဦးတည်းသော ၀န်ထမ်းလေးကလည်း ဒီနေရာက ဘုန်းတော်ကြီးတွေနဲ့ မအပ်စပ်တဲ့နေရာပါတဲ့….။
သူတိုအသီးသီးမှာ ကိုယ်စီသယ်ဆောင်ထားတဲ့ လျို၀ှက်ချက်တွေက ဘာတွေလဲ…?
အယ်လ်ရွိင်ရယ်ရဲ့ လျိုဝှက်ချက်ကရော ဘာဖြစ်မလဲ….?
ရိုးရှင်းတဲ့ ဇာတ်အိမ်နဲ့ စိတ်၀င်စားစရာတင်ဆက်မှုတွေကို ရင်တထိတ်ထိတ်နဲ့အဆုံးထိလိုက်ပါစီးမျောရမယ့် ကားလေးပါ။ ဒါ့အပြင် Thor မင်းသား Chris Hamsworth နဲ့ Fifty Shades ကားတွေနဲ့ နာမည်ကြီးခဲ့တဲ့ မင်းသမီး Dakota Johnson တိုရဲ့ငယ်ရွယ်တဲ့သွင်ပြင်တွေကို ရှုစားရဦးမယ့်ကားကောင်းလေးမို ပြန်လည်ခံစားနိုင်အောင် တင်ဆက်ပေးလိုက်ပါတယ်။
–အညွှန်းနဲ့ဘာသာပြန်ကတော့ Ariel ပါ
Encoded by X
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




