၂၀၁၁ က ထွက်ရှိခဲ့တဲ့ အက်ရှင် ဒရာမာ ကားလေးပဲ ဖြစ်ပါတယ်။
ဒီဇာတ်ကားကို ၂၀၁၉ ခုနှစ်မှာပဲ Hanna ဆိုတဲ့နာမည်နဲ့ပဲ အပိုင်းရှစ်ပိုင်းပါတဲ့ စီးရီးတစ်ခုအဖြစ်
Amazon က ရိုက်ကူးခဲ့ပါတယ် ဒီဇာတ်ကားရဲ့ ကျောရိုးကိုပဲ မှီငြမ်းထားတာမို့
ဇာတ်လမ်းချင်းဆင်တူတဲ့အတွက် Series ကြည့်ပြီးတဲ့သူရော၊ မကြည့်ရသေးသူပါ အဆင်ပြေစေမှာပါ။
ဒီဇာတ်ကားမှာတော့ ဟန်နာအဖြစ် Saoirse Ronan အပြင် နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့
Troy နဲ့ Hulk(2013) မင်းသားကြီး Eric Bana ၊ Cinderella နဲ့
Thor: Ragnarok မှာ Hela အဖြစ်ပါဝင်ခဲ့တဲ့ မင်းသမီးကြီး Cate Blanchett တို့က ပါဝင်အားဖြည့်ထားတာပါ။
ဇာတ်လမ်းအကျဉ်းကတော့ ဟန်နာဆိုတဲ့ DNA တိုးမြှင့်ပြောင်းလဲခံထားရတဲ့ ကောင်မလေးနဲ့
သူ့ကိုအမိဖမ်းချင်သူတွေအကြောင်း ဇာတ်အိမ်တည်ထားတာပါ။ မိမိဘဝအမှန်ကို သိချင်တဲ့ဟန်နာ၊ ဟန်နာ့ကို ဘဝနဲ့ရင်းပြီး
စောင့်ရှောက်လာခဲ့တဲ့ အဲရစ်နဲ့ အတိတ်ကအလုပ်ကြွေးကို အပြီးဆပ်ဖို့ဆုံးဖြတ်ချက်ချထားတဲ့ မာရစ်ဆာတို့ရဲ့
သုံးပွင့်ဆိုင်အားပြိုင်မှုကို စိတ်လှုပ်ရှားဖွယ်ကောင်းအောင် တင်ဆက်ထားတာပါ။
review credit
-=-=-=-=-=-=-=-=-=
ENCODED BY HAY MAN
SIZE-800MB
RESOLUTION-1080P
-=-=-=-=-=-=-=-=-=-=