Switch Mode

Jurassic World: Fallen Kingdom (2018)

Download Jurassic World: Fallen Kingdom (2018), Watch Jurassic World: Fallen Kingdom (2018), don't forget to click on the like and share button. Series Jurassic World: Fallen Kingdom always updated at MMFILM. Don't forget to watch other series updates.

Jurassic World: Fallen Kingdom (2018)

MOVIE

Jurassic World: Fallen Kingdom

Jurassic World: Fallen Kingdom

Rating 6.2
Status: Completed Released: 22 Jun 2018 Duration: 128 min Country: Type: Movie Director: Casts: , ,
  အားလုံးသိကြတဲ့ Jurassic World:Fallen Kingdom ဟာ စပိန်ဒါရိုက်တာ J.A Bayona က ရိုက်ကူးထားတာဖြစ်ပြီး စိတ်ကူးယာဉ်သိပ္ပံဇာတ်လမ်းတစ်ခုလည်းဖြစ်ပါတယ်.... ဒီကားဟာ ဒိုင်နိုဆောတွေရဲ့အကြောင်းကို ရိုက်ကူးထားတဲ့ Jurassic Park ဇာတ်လမ်းတွေရဲ့ ၅ ကားမြောက်ဖြစ်ပြီးတော့ Jurassic World (2015) ရဲ့ နောက်ဆက်တွဲကားလည်းဖြစ်ပါတယ်... Rating 7.8 ရရှိထားတဲ့ကားတစ်ကားဖြစ်ပါတယ်... Jurassic World ပျက်စီးသွားပြီးသုံးနှစ်အကြာမှာ ထိုအပန်းဖြေစခန်းဆောက်လုပ်ထားတဲ့ ကျွန်းမှာမီးတောင်ပေါက်ကွဲမှု့ကြောင့် ဒိုင်နိုဆောများမျိုးတုန်းရတော့မယ့် အခြေနေကိုရောက်လာပါတယ်.. အစိုးရဘက်ကလည်း ပြည်သူတွေအတွက် ဒါကိုမျက်ကွယ်ပြုလိုက်ပေမယ့် ဒုတိယဒိုင်နိုဆောတွေမျိုးတုန်းတော့မယ့် အခြေနေကို ကယ်တင်မယ့်သူများပေါ်လာပါတယ်... ဒါကတော့ Jurassic World (2015) မှာစတင်ပါလာတဲ့ Owen Grady နဲ့ Claire Dearing တို့ရဲ့ကယ်ဆယ်ရေးအစီစဉ်ပဲဖြစ်ပါတယ်.. သူတို့ဖန်တီးထားခဲ့တဲ့ ဒိုင်နိုဆောများကို သူတို့ကိုယ်တိုင်ကယ်ဆယ်ရမှာဖြစ်ပြီးတော့ ဒီဒိုင်နိုဆောတွေထဲမှာလည်း များပြားလှတဲ့ အရိုင်းကောင်တွေရှိနေတဲ့အတွက် သူတို့ဘယ်လိုကယ်ထုတ်ကြမလဲဆိုတာ စိတ်ဝင်စားစရာကောင်းပါတယ်.... နောက်ပြီးတော့ Jurassic World (2015) မှာ T-Rex ရဲ့ Raptor DNA တွေစုပြီးပေါင်းစည်းထားတဲ့ မျိုးစပ်အကောင်တစ်ကောင် ပါဝင်ခဲ့သလို ဒီကားမှာလည်း မျိုးစပ်အကောင်တစ်ကောင်ပါဝင်လာမှာဖြစ်ပါတယ်... အဲဒီအကောင်ကိုတိုက်ခိုက်ဖို့အတွက်လေ့ကျင့်ပေးထားတာဖြစ်ပြီးတော့ Raptor ရဲ့ DNA ကိုအခြေခံပြီး ဖန်တီးထားတဲ့အတွက် အသိဉာဏ်ကြွယ်ဝမှု့အပိုင်းမှာ လူနဲ့တန်းတူညီမျှပါတယ်... Jurassic World (2015) မှာ Raptor လေးကောင်ထဲက တစ်ကောင်တည်းသာကျန်ရစ်ခဲ့တဲ့ ဘလူး ဟာလည်း ဒီဇာတ်ကားမှာ အဓိကဇာတ်ကောင်အဖြစ်ပြန်လည်ပါဝင်လာမှာပါ... ဒီကားရဲ့ထူးခြားချက်ကတော့ အရင်Jurassic Park ကားတွေလိုမျိုး ဒိုင်နိုဆောတွေရဲ့ရန်ကို ကာကွယ်ရတော့မှာမဟုတ်ပဲနဲ့ တိရိစ္ဆာန်တွေမျိုးတုန်းပျောက်ကွယ်သွားမှာကြောက်တဲ့ လူတစ်စုရဲ့ တတ်နိုင်သမျှကယ်ဆယ်ရေးဆောင်ရွက်တာတွေကို ခပ်မိုက်မိုက် ဖန်တီးမှု့အဆန်းများနဲ့ရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်... ဒီဇာတ်ကားကို ရုံမှာသွားကြည့်တဲ့အခါ တချို့လူတွေအဖို့ဇဝေဇဝါတွေ ဖြစ်နေကြမှာဖြစ်ပြီးတော့ နားလည်ကြမှာလည်းမဟုတ်ပါဘူး... ဒါကြောင့် မြန်မာစာတန်းထိုးနဲ့ ကြည့်ပြီးဇာတ်ကားရဲ့သဘောသဘာဝကို နားလည်အောင် အကောင်းဆုံးဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... တကယ်ကောင်းတဲ့ ဇာတ်ကားတစ်ခုဖြစ်ပါတယ်... REVIEW CREDIT -=-=-=-=-=-=-=-=-=-=-=-= ENCODED BY HAY MAN SIZE-700MB RESOLUTION-1080P -=-=-=-=-=-=-=-=-=-=-=-=