ဒီတစ်ခါ မိတ်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ Kakegurui season 1 အဓိပ္ပါယ်က 'အကြွေး'တဲ့...
Animationကနေlive actionပြန်ရိုက်ထားတော့ ခံစားချက်တစ်မျိုးရရှိစေမှာပါ
အကြောင်းအရာလေးကတော့
ဟယက်ကိုးကိုယ်ပိုင်ကျောင်းကို နိုင်ငံရေးနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက သားသမီးတွေကိုပို့ကြတယ်။
ကျောင်းကနာမည်ကြီးတယ် တခြားကြောင့်တော့မဟုတ်ဘူး လောင်းကစားကြောင့်။
လောင်းကစားတွေလုပ်ဖို့ ခေါင်းဆောင်တဲ့ ကျောင်းသားကောင်စီဆိုတာရှိတယ်။
ကျောင်းသားကောင်စီက ကျောင်းသားတွေကို လှူခိုင်းပြီး အဆင့်သတ်မှတ်ထားတယ်။
ကျောင်းမှာနာမည်အကြီးဆုံး ခွေးကလေး- ကြောင်ကလေးစနစ်ရှိတယ်။
လောင်းကစားလုပ်ပြီး အကြွေးတင်တဲ့သူတွေကိုပြန်မဆပ်နိုင်သေးတဲ့အခါ၊ မလှူနိုင်တဲ့အခါ အဆင့်အသစ်တွေအနေနဲ့ အိမ်မွေးတွေအနေနဲ့သတ်မှတ်ကြတယ်။
အဲ့ဒီ့အခါမှာနှိပ်စက်ခံရတယ်။
မင်းသမီး ယူမီကို ဂျဘမီရောက်လာတဲ့အခါ ဘာတွေပြောင်းလဲသွားမလဲ။
လှည့်စားမှုတွေများတဲ့ လောင်းကစားကို ယူမီကိုဘယ်လို ဉာဏ်ကောင်းကောင်းနဲ့ ကစားပြပြီး ဘယ်လိုပညာပြမလဲဆိုတာ ဒီဇာတ်ကားလေးမှာ ကြည့်ရှုလို့ရပါပြီ...
=-=-=-====-=-=-==-==-=-=-=-=
Translated By Mya Theingi
Encoded By Xenon
Resolution - 720 p
Size - 400MB
-=-=-=-=-=-=-=-=-=-=-=-==-=