Mae Bia ( 2015 )

Movie Sub Released on June 14, 2021 · ? views · Posted by admin · Series Mae Bia

Expand
Turn Off Light
ဒီဇာတ်ကားတွင် ကြမ်းကြုတ်မှုများ ရက်စက်မှုများ သွေထွက်သံယိုများနှင့် ကိုယ်လုံးတီးပုံရိပ်များပါဝင်သော ကြောင့် အသက် ၁၈ နှစ်ကျော်မှကြည့်ရှုပေးပါရန်တောင်းဆိုအပ်ပါသည်။
Mega 1080P

Mae Bia ( 2015 ) အား ဒေါင်းလုဒ် ။ Mae Bia ( 2015 ) အား တိုက်ရိုက်ကြည့် ။ Like နှင့် Share ခလုတ် အားနိပ်ဖို့မမေ့ပါနဲ့နော် ။ ဇာတ်လမ်း Mae Bia ကို MMFILMs တွင် အခြား ချန်နယ်များနှင့်အညီ တင်သွားပေးမည်ဖြစ်သည်။ အခြား ဇာတ်ကားများကိုလည်း ကြည့်ရှုဖို့ မမေ့နဲ့နော်။

Movie

Mae Bia

Mae Bia

Rating 4.3
Status: Completed Released: 17 Sep 2015 Duration: 126 min Country: Type: Movie Director: Casts: , , ,
Mae Bia ( 2015 ) 21+ -=-=-=-=-=-=-=-=-=-=-= ၁၈ နှစ်အထက်ဆိုတာထက်ပိုသာပါတယ်။ လိင်ဆက်ဆံခန်းတွေဟာ အရမ်းများသလို ပီပြင်လွန်းလှတယ်။ ပြီးတော့ အခုက Uncut version ဆိုတော့ ရုံတင်တုန်းက ဆင်ဆာအရ မပါခဲ့တဲ့ ကြမ်းတမ်းတဲ့ဇာတ်ဝင်ခန်းတွေ အကုန်ပါမှာပါ။ ချာနာချိုဟာ ထိုင်းနိုင်ငံက ဒိတ်ဒိတ်ကြဲစီးပွားရေး မိသားစုရဲ့ အရိုက်အရာကို ဆက်ခံထားတဲ့သူ တစ်ယောက်။ ငယ်ငယ်ကတည်းက မွေးရပ်မြေကိုစွန့်ခွာသွားခဲ့ရပြီး နိုင်ငံခြားမှာ ကျောင်းတက်ရာက ပြန်ရောက်လာခဲ့တာ။ သူ့အစွဲအလန်းက ရှေးဟောင်း ထိုင်းရိုးရာ အိမ်ကြီးတွေ။ ညဘက်ဆိုရင် အိမ်မက်တွေ မက်တယ်။ အဲ့ဒီလို အိမ်တစ်ခုမှာ သူကြီးပြင်းလာတဲ့အကြောင်း။ ပြီးတော့ သူမသိတဲ့ လူတွေကြားက အိမ်ထောင်ရေး ပြဿနာတွေ အဲ့ဒီကိစ္စတွေထဲ မြေစာပင်ဖြစ်နေခဲ့တဲ့ ကလေးလေးတစ်ယောက်။ ထိုင်းကို ပြန်ရောက်တဲ့ အချိန်မှာ အိမ်ထောင်ကျ ကလေးရနေပြီဖြစ်ပေမယ့် သူ့အစွဲအလန်းက မပျောက်ပျက်နိုင်ခဲ့ပဲ ထိုင်းရိုးရာ ရှေးအိမ်ကြီး တစ်လုံးကို ရအောင်ဝယ်ဖို့ စိတ်ကူးထားခဲ့တယ်။ သူ့ညီဝမ်းကွဲက သူ့ကို အမျိုးသမီးတစ်ယောက်နဲ့ မိတ်ဆက်ပေးခဲ့တယ်။ ထိုင်းရိုးရာရှေးအိမ်ကြီးကို ပိုင်ဆိုင်ရုံတင်မကပဲ..သိပ်လှပလွန်းတဲ့ မိန်းမတစ်ယောက်။ပြီးတော့ ယောက်ျားတွေအတွက် သေစေနိုင်လောက်တဲ့လျှို့ဝှက်ဆန်းကြယ်မှုတွေပိုင်ဆိုင်ထားတဲ့သူ။ မယ်ခလာ (မေခလာ) ဆိုပါတော့။ချာနာချို့အတွက်တော့ မယ်ခလာရဲ့ အိမ်ကြီးဟာ သူအမြဲမက်နေတဲ့ အိမ်မက်တွေရဲ့ လျှို့ဝှက်ချက်ဆိုတာ တစ်ဖြည်းဖြည်းသိလာပါတယ်။ သူ မသိခဲ့တာကတော့ မယ်ခလာ နဲ့ပတ်သက်တဲ့ ယောက်ျားတိုင်း ဇာတ်သိမ်းမကောင်းခဲ့တာရယ်..။ မယ်ခလာ့ကို အမြဲစောင့်ရှောက်နေတဲ့ မြွှေနဂါး ကြီးရှိနေခဲ့တယ်ဆိုတာပါ။ မယ်ခလာဟာ သူ့ကို တကယ်ချစ်တာလား လှည့်စားခဲ့တာလား? မယ်ခလာရဲ့ ကိုယ်စောင့်မြွေကြီးကရော သူ့ကို ဘယ်လိုစီရင်မှာလဲ?မြန်မာပရိသတ်နဲ့ရင်းနှီးပြီးသားဖြစ်တဲ့ မင်းသားဖြစ်တဲ့ မာရီယို နဲ့ ‘ Jan Dara: The Beginning’ နဲ့ ‘Jan Dara: The Finale’ တို့ကိုရိုက်ခဲ့တဲ့အပြင် နောက်ထပ် မြန်မာပရိသတ်ကြိုက်မင်းသား ဖြစ်တဲ့ ‘Ananda’ နဲ့ ‘Eternity’ ဆိုတဲ့ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာပါ။ သူ့ထုံးစံအတိုင်း ဖောက်ပြန်မှုတွေကို ပွင့်ပွင့်လင်းလင်းကြီးကို ချပြသွားပါတယ်။ -==-==-=-=-=-=-=-=-=-==-==-==-=-=== Size - 2.4GB Encoder- Xenon Credit Review -=-=-=-=-=-=-=-=-=-=-=-=-=-=-=

Comment

Leave a Reply