တရုတ်ပြည်ရဲ့ မင်းသုံးပါး အပြိုင်ခေတ်သမိုင်းထဲက အကျော်ကြားဆုံးကမ်းပါးနီတိုက်ပွဲကို ကောက်နှုတ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ ကာလကတော့ လွီပုနဲ့တုံကြို့တို့အသက်ခံရပြီးနောက်ပိုင်း။ လျိုပေ့ နဲ့ စွန်းကွန် တို့ မင်း ၂ ပါးအဖြစ် အင်အားအနည်းငယ်ရလာချိန်မှာ အမတ်ချုပ်ကြီး ချောင်ချောင်ဟာ လျိုပေ့ကို လိုက်ဖိတိုက်နေတဲ့ကာလပါ။ လျို့ပေ့မှာတော့ ကွမ်းရီ၊ကျန်းဖေး၊ကျောက်ယွန် တို့ သူရဲကောင်း ၃ ယောက်နဲ့ ဒီဇာတ်ကားရဲ့ အဓိကနေရာမှာပါတဲ့ ပညာရှိအမတ်ခုံးမင်(ကျူးကော့်လျန်) တို့ ပါဝင်နေပါပြီ။ စွန်းမျိုးနွယ်တွေမှာတော့ စွန်းကျင်း နဲ့ စွန်းစီ သေသွားခဲ့ပြီး ညီငယ်က ဘုရင်ငယ်လေး ဖြစ်လာတဲ့အချိန်ပါပဲ။ ချောင်ချောင်ရဲ့ မတန်တဆကြီးမာလှတဲ့အင်အားကို အဖွဲ့ ၂ ဖွဲ့ရဲ့ ဉာဏ်ကြီးရှင် ၂ ယောက်ပူးပေါင်းပြီး အနိုင်တိုက်ခဲ့တဲ့ တိုက်ပွဲအကြောင်းပါ။
ပြောကြစတမ်းဆို ချောင်ချောင်ဟာ ဗီလိန်နေရာဖြစ်ပေမယ့် တကယ်ထက်မြက်တဲ့ နိုင်ငံရေးသမားဆိုတာ သမိုင်းပညာရှင်တွေ မငြင်းနိုင်ပါဘူး။ ချောင်ချောင် ရှုံးတဲ့ပွဲတွေကလည်း ကမ်းပါးနီနောက်ပိုင်းမှာ လက်ချိုးရေလို့တောင် ရမယ်ထင်ပါတယ်။လျိုပေ့ တို့နဲ့ စွန်းကွန်တို့ အချင်းချင်း ပြန်ချကုန်တာလည်း ပါတာပေါ့။ ဒီဇာတ်ကား ၂ ကားရဲ့ အဓိက ဇာတ်ဆောင် ကျူးကော့်လျန်ကတော့ အသက်အတော်ရတဲ့အထိ လျိုပေ့နေရာကို ဆက်ခံခေါင်းဆောင်သွားခဲ့ပြီးနောက်ဆုံးမှာ တီဘီရောဂါနဲ့ ဆုံးသွားတယ်လို့တော့ ဖတ်ဖူးပါတယ်။ နာမည်ကြီးဇာတ်ကောင်တွေကို နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အကောင်းဆုံးရိုက်ကူးထားတဲ့ ကားတွေမို့ ဘယ်ချိန်ပြန်ကြည့်ကြည့် မရိုးနိုင်တာတော့ အမှန်ပါပဲ။ အားပေးကြပါဦး။
Translated by - Nezu
Encoded by - Nezu