28 Years Later 2025 L1285
ဗိုင်းရပ်စ်နှင့် လူသားများ၏ရုန်းကန်မှုကို ရိုက်ကူးထားသည့် ဇာတ်ကားဖြစ်ပါတယ်။
“Rage Virus” ဟုခေါ်သော ကူးစက်မြန်ဗိုင်းရပ်စ်သည် လူသားများကို အချိန်တိုအတွင်း ရိုင်းစိုင်းသော သတ်ဖြတ်စိတ်ရှိသည့် သားရဲများအဖြစ် ပြောင်းလဲစေပါတယ်။
ကပ်ဆိုးကြီး (Rage Virus) ဖြစ်ပွားပြီး နှစ်ပေါင်း ၂၈ နှစ်အကြာမှာ ကမ္ဘာ့အခြေအနေက ဗိုင်းရပ်စ်ကူးစက်ခံရသူများက အလွန်အမင်းရန်လိုသော သတ္တဝါများအဖြစ် ပြောင်းလဲသွားကြပါတယ်။ လူသားများအနေဖြင့် ကျန်ရှိနေသော လုံခြုံရေးဇုန်ငယ်များတွင် အသက်ရှင်ရန် ရုန်းကန်နေရပြီး၊ အချို့သောလူများက ဗိုင်းရပ်စ်၏ ဇစ်မြစ်နှင့် ကုသရေးနည်းလမ်းများကို ရှာဖွေရန် စွန့်စားခရီးထွက်လာကြပါတယ်။
ဒီဗိုင်းရပ်စ်ကာလအတွင်းမှာ ကင်ဆာရောဂါ ခံစားနေရတဲ့ မိခင်ဖြစ်သူကို ဆရာဝန်ဆီရောက်အောင် ကြိုးစားပမ်းစား ပို့ဆောင်ပေးမယ့် စပိုက်ကီဆိုတဲ့ ၁၂နှစ်အရွယ် သားလေးရဲ့ စွန့်စားခရီးကိုပါ မြင်တွေ့ရမှာ ဖြစ်ပါတယ်။အိုင်လာနဲ့ စပိုက်တို့ရဲ့ မိခင်နှင့်သားရဲ့ ချစ်ခြင်းမေတ္တာကို အချက်ကျကျ ပုံဖော်ရိုက်ကူးထားပါတယ်။
ဒီဇာတ်ကားက လူသားများရဲ့ ကံကြမ္မာကို ဆုံးဖြတ်ပေးခြင်း ကပ်ဘေးကြားက လူသားဆန်မှုနှင့် မျိုးဆက်သစ်များရဲ့ ရုန်းကန်မှုတို့ကို ရိုက်ကူးပုံဖော်ထားသည့် ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။
Translated & Reviewed by Hlaing
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နေ




