ဘဝမှာ အမှတ်တရဆိုတာက အချိန်ကြာလာရင် တဖြည်းဖြည်းနဲ့ ဝေဝါးလာပေမဲ့ ဟန်ဆောယွန်းဆိုတဲ့ အထက်တန်းကျောင်းသူလေးအတွက်ကတော့ ပြောင်းပြန်လို့ ပြောရမှာပါ။
ကားမတော်တဆမှုကြောင့် မှတ်ဉာဏ်အသစ်တွေကို ထပ်မမှတ်နိုင်တော့ဘဲ အိပ်လိုက်တာနဲ့ အရာအားလုံးက Reset ချလိုက်သလို အသစ်ပြန်ဖြစ်သွားရတဲ့ ဝေဒနာကို ခံစားနေရတဲ့ ကျောင်းသူလေ ဟန်ဆောယွန်းနဲ့…
ဒီကောင်မလေးအတွက် နေ့ရက်တိုင်းက ပျော်စရာဖြစ်စေရမယ်ဆိုတဲ့ ကျောင်းသားလေး ဂင်ဂျယ်ဝန်း…
ဒီနှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းလေးကရော ပုံမှန် ဆယ်ကျော်သက်အချစ်ဇာတ်လမ်းတွေလိုမျိုး သာမန်ဆန်ဆန်ပဲ ရှေ့ဆက်နိုင်မှာလား…မဟုတ်ရင်
ဘယ်လို အတားအဆီး အခက်အခဲတွေနဲ့ ကြုံရမလဲဆိုတာကတော့ ကိုယ်တိုင်ကြည့်မှပဲသိရမှာမို့
အမြန်လေးသာ ကြည့်ရှူလိုက်ကြပါလို့ပဲ ညွှန်းလိုက်ချင်ပါတယ်ရှင်။
Translated by MMFILM KTeam




