ဒီတစ်ခေါက်မှာတော့ အက်ရှင်ဇာတ်ကြမ်းကြိုက်သူများအတွက် တောင်အာဖရိကအက်ရှင်ကားကောင်းလေး တကားနဲ့ မိတ်ဆက်ပေးပါရစေ…
မီးသတ်သမားဟောင်းတစ်ယောက်ဖြစ်တဲ့သီရိုအေဘရယ်ဟာ အဖြစ်အပျက်တစ်ခုကြောင့် PTSDလိုခေါ်တဲ့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပါ။ တစ်နေ့မှာ သီရိုဟာအိပ်ရာမှနိုးလာတဲ့အချိန်မှာ ဘေးကမိန်းမဖြစ်သူ သေဆုံးလျက်ရှိနေတာကို တွေ့ရပါတော့တယ်။သီရိုအနေနဲ့ မိန်းမဖြစ်သူသေဆုံးမှုအတွက်ယူကြုံးမရဖြစ်နေစဉ်မှာပဲ သူဟာမိန်းမကိုပြန်သတ်တဲ့ လူသတ်သမားအဖြစ်စွပ်စွဲခံရပြီး ဖမ်းဆီးခြင်းခံရပါတော့တယ်။မကောင်းမှုကိုဆို ငုံမခံနိုင်တဲ့ သီရိုဟာ မိမိနာမည်ကို ရှင်းလင်းဖိုအတွက် မိန်းမဖြစ်သူသေဆုံးမှုကိုရှာဖွေရန် ဖမ်းဆီးခံထားရာကနေ ထွက်ပြေးပါတော့တယ်။ဒီလိုနဲ့ ရှာဖွေရင်း ရှာဖွေရင်း သီရိုဟာ မိန်းမဖြစ်သူသေဆုံးမှုနဲ့အတူ လျှိဝှက်ကြံစည်မှုကြီးတစ်ခုက အဆက်အစပ်ရှိနေတယ်ဆိုတာကို သိရပါတော့တယ်။ထိုလျှိဝှက်ကြံစည်မှုကြီးကရောဘာဖြစ်မလဲ သီရိုကရော လွတ်မြောက်အောင် ဘယ်လိုကြိုးစားမလဲဆိုတာကို ဒီကားလေးနဲ့အတူလိုက်ပါစီးမြောကြဖို ဖိတ်ခေါ်လိုက်ပါတယ်…
Translated by – The Last One
Encoded by – The Last One



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
