Jurassic Park: Rebirth (2025)
အရင်ထွက်ရှိထားတဲ့ Jurassic Park ရဲ့ အသွင်အပြင်ကို ပြန်လည်ရယူထားကာ နည်းပညာသစ်နဲ့ အကြောင်းအရာအသစ်တွေကို ထပ်ပေါင်းထည့်ထားတာဖြစ်ပြီး သိပ္ပံပညာရှင်တွေနဲ့ စွန့်စားသူတွေရဲ့ အထူးမစ်ရှင်တစ်ခုပေါ် အခြေခံရိုက်ကူးထားတာပါ
ဇာတ်လမ်းမှာ လူတချို့က ဒိုင်နိုဆောတွေကို ထပ်မံဖန်တီးဖို့ စမ်းသပ်ကြပြီး အဲဒီလုပ်ရပ်က အန္တရာယ်တချို့ကို ဖြစ်လာစေပါတယ် မင်းသမီးစကားလက်ဂျိူဟန်ဆန်က ဇိုရာအဖြစ်နဲ့ သရုပ်ဆောင်ထားပြီး သူမဟာ နှလုံးရောဂါကုသဆေးကို ဖန်တီးဖို့အတွက်သန္ဓေပြောင်း ဒိုင်နိုဆောတွေရှိရာ ကျွန်းပေါ်မှာ သက်ရှိဒိုင်နိုဆောတွေဆီကနေ သွေးနမူနာယူဖို့ မစ်ရှင်ကို ထမ်းဆောင်ရပါတယ် သူမအပါအဝင် သုတေသနအဖွဲ့၊ လုံခြုံရေးအဖွဲ့တွေနဲ့ မိသားစုတစ်စုဟာ ထူးဆန်းသတ္တဝါတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တွေ့ရပြီး အသက်ရှင်ရေးအတွက် အပြန်အလှန်တိုက်ခိုက်ကြတဲ့ အကြမ်းစားမြင်ကွင်းတွေကို ကြည့်ရှုရမှာပါ
လက်တွေ့ဆန်တဲ့ အထူးပြုလုပ်ချက်တွေနဲ့ ခေတ်မီတဲ့ CGI ပေါင်းစပ်မှုတို့က သမိုင်းမတင်မီက သတ္တဝါတွေ အရှင်လတ်လတ် ထွက်ပေါ်လာသလို ခံစားရစေမှာဖြစ်ပြီး ဇာတ်ကွက်တိုင်းကို မိမိကိုယ်တိုင် အန္တရာယ်တောထဲ ရောက်ရှိနေသလို စိတ်ဝင်တစားနဲ့ ကြည့်ရှုရမှာပါ Jurassic Park ကို ကြိုက်နှစ်သက်သူတွေအတွက် ဒီကားဟာ အမှတ်ရစရာမျိုး ဖြစ်စေမှာဖြစ်သလို အသစ်ကြည့်မဲ့သူတွေအတွက်လည်း လွယ်လွယ်နားလည်ပြီး စိတ်လှုပ်ရှားစရာခံစားချက်တစ်ခု ရရှိမှာဖြစ်ပါတယ်
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နေ




