X-men ရုပ်ရှင်တွေထဲက Wolverine သို့မဟုတ် Logan မင်းသားရဲ့ နောက်ဆုံးဇာတ်ကား လာပါပြီ။ ဒီကားဟာ IMDb 8.5 ထိရရှိထားတဲ့ စူပါဟီးရိုးရုပ်ရှင်ပါ။ ပထမဆုံး Hugh Jackman ရဲ့ R-rated x-men ရုပ်ရှင်လည်း ဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းနည်းနည်း ပြောပြပါ့မယ်။ ၂၀၂၉ ခုနှစ်ကာလ၊ mutant ဆိုတာ မျိုးတုန်းသွားပြီလို့ လူတွေ ယုံကြည်လာကြတဲ့ ကာလ၊ ဘယ်သူမှ သူတို့ကို စကားထဲထည့်မပြောကြတော့တဲ့ကာလ။ Logan ဟာ အသက်ကြီးရင့်နေပါပြီ၊ ပြဿနာအားလုံးနဲ့ ဝေးအောင်နေပြီး အသက်ရှင်နေထိုင်ဖို့အတွက်ပဲ ရုန်းကန်နေရတဲ့သူ၊ သေမယ့်နေ့ကို မြန်မြန်ရောက်ချင်နေတဲ့သူတစ်ယောက်ပါ။ စွမ်းအားတွေကို မထိန်းသိမ်းနိုင်တော့တဲ့၊ အသက်အရွယ်အလွန်အိုမင်းနေပြီ နောင်တတွေနဲ့ ပြည့်နေတဲ့ ပရော်ဖက်ဆာ X ကိုလည်း Logan ကပဲ စောင့်ရှောက်ထားရပါတယ်။ ဒီလိုနဲ့ သူတို့ဘဝထဲကို ငယ်ရွယ်တဲ့ ကလေးမလေး လော်ရာဟာ ပြဿနာတွေသယ်ယူပြီး ရောက်ရှိလာခဲ့တဲ့ အခါ…လော်ရာရဲ့ စွမ်းအားတွေဟာ Logan နဲ့ ထပ်တူကျနေပြီး သူ့နောက်ကိုမှာလည်း သူ့ကို ပြန်လည်ဖမ်းဆီးဖို့ တပ်ဖွဲ့ကြီးတစ်ခုလိုက်လာတဲ့အခါ…Old Man Logan တစ်ယောက် သူ့ရဲ့နောက်ဆုံးလက်ကျန် ဒဏ်ရာပြန်ကောင်းနိုင်စွမ်းလေးနဲ့ တိုက်ခိုက်နိုင်စွမ်းတွေကို အစွမ်းကုန်သုံးပြီး mutant မျိုးဆက်သစ်လေးကို ကာကွယ်ဖို့ ကြိုးစားရပါတော့တယ်။
Translated and Encoded By-Zoro
Size-1.57Gb



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
