Mufasa: The Lion King (2024)
Disneyရဲ့ အထင်ရှားဆုံးဇာတ်ကောင်တွေထဲကတစ်ခုဖြစ်တဲ့ ခြင်္သေ့ဘုရင်ဆင်းမ်ဘာကို လက်ရုံးရည်ရော နှလုံးရည်ရောပြည့်စုံအောင် မွေးထုတ်ပေးခဲ့တဲ့ ဘုရင်ကြီးမူဖာဆာရဲ့ ဘဝဖြစ်စဉ်ကိုရိုက်ကူးထားတာ ဖြစ်ပါတယ် (2024)ခုနှစ်မှာ ထွက်ရှိလာတဲ့ ဒီရုပ်ရှင်ကားဟာ (1994)မှာထွက်ရှိခဲ့တဲ့ မူလရုပ်ရှင်ရဲ့ အကြိုဇာတ်လမ်းလို့လည်းဆိုရမှာပါ
ဒီရုပ်ရှင်ထဲမှာတော့ တောဘုရင်ခြင်္သေ့ကြီးမူဖာဆာအဖြစ်ကို ရောက်ရှိလာစေတဲ့ အကြောင်းတရားတွေ စိန်ခေါ်မှူတွေကို ပုံဖော်ရိုက်ကူးထားတာပါ မိဘမဲ့ဘဝနဲ့ တော်ဝင်ဘုရင်သွေးမပါတဲ့ ခြင်္သေ့ပျိုလေးတစ်ကောင်ဟာ ဘယ်လိုတွန်းအားတွေနဲ့ ခြင်္သေ့ဘုရင်ဖြစ်လာခဲ့ရတာလဲ အဲအပြင် ဘယ်လိုအရာတွေက စကားအနေနဲ့ မူဖာဆာအပေါ် ဝန်တိုစိတ်တွေ ပေါ်ပေါက်လာစေခဲ့တာလည်းဆိုတာကိုပါ သိရှိကြရမှာဖြစ်ပါတယ် Musical drama ဖြစ်တဲ့အလျောက် နောက်ခံတေးသွားတွေဟာ အတိတ်ပုံရိပ်တွေကို ထင်ဟပ်စေတဲ့ ခပ်ဆွေးဆွေးသံစဉ်တွေကို ခံစားရမှာဖြစ်သလို ခြင်္သေ့အုပ်တို့ ကြီးစိုးရာနယ်မြေမှာ ဇီးရိုးကနေဟီးရိုးဖြစ်လာတဲ့ ခြင်္သေ့ဘုရင်ကြီးမူဖာဆာရဲ့အကြောင်းကို အောက်မေ့ဖွယ်တင်ဆက်ထားတာပါ
Translated & Reviewed by Hyo
Encoded by Flashy
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်




![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)