Switch Mode
Home Push
Push
Bookmark

Push

Watch full episodes Push, download Push english subbed, Push eng sub, download Push eng sub, stream Push at MMFILM.
Status: Completed Released: 11 Apr 2025 Duration: N/A Country: Type: Movie Director: , Casts: , , Posted by: Upload upload Released on: Updated on:
Watch streaming Push English Subbed on MMFILM. You can also download free Push Eng Sub, don't forget to watch online streaming of various quality 720P 360P 240P 480P according to your connection to save internet quota, Push on MMFILM MP4 MKV hardsub softsub English subbed is already contained in the video.

Synopsis Push

Push (2024)

“တစ်ခါတရံမှာ နှုတ်ဆိတ်နေတဲ့ အရာတွေကလည်း ကြောက်စရာအကောင်းဆုံးအရာတွေဖြစ်တတ်ပါတယ်” ဒါရိုက်တာCharbonier နဲ့ Powellတို့ရဲ့လက်ရာအဖြစ် ထွက်ရှိလာတဲ့ ဒီဇာတ်ကားဟာ အပေါ်ယံအမြင်မှာတော့ သာမန် horror ဇာတ်ကားတစ်ကားလိုမျိုးပေမဲ့ ဇာတ်ကားထဲက အာရုံခံစားမှုတွေကတော့ တကယ့်ကိုအံ့ဩစရာပါ ဇာတ်လမ်းတစ်ခုလုံးဟာ လူတစ်ယောက်အနေနဲ့ အသက်ရှင်ဖို့အတွက် အိမ်အတွင်းထဲမှာ အစွဲလမ်းကြီးပြီး မှန်းဆလို့လည်းမရ မျက်နှာလည်းမမြင်ရတဲ့ အန္တရာယ်ကို ရင်ဆိုင်နေတဲ့အခြေအနေကို ရိုက်ကူးထားတာပါ

နာတာလီဆိုတဲ့ ကိုယ်ဝန်ဆောင်သည် အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးဟာ သူမရဲ့အိမ်ကို ထူးထူးဆန်းဆန်း ဖောက်သည်တစ်ဦး ပေါ်လာတဲ့အခါမှာ ထိတ်လန့်ဖွယ်ရာ ညတစ်ညကို ကြုံတွေ့ခဲ့ရပါတယ် သူမဟာ ပိတ်မိနေပြီး လမစေ့ဘဲ ကလေးမီးဖွားရတဲ့ ဝေဒနာကို ခံစားရကာ သူမရဲ့ မမွေးရသေးတဲ့ကလေးကို အသက်ဆက်ရှင်နိုင်ဖို့ တိုက်ပွဲဝင်ရမှာဖြစ်ပါတယ်

အိမ်ကြီးဟာ တကယ့်တည်နေရာတစ်ခုလို၊ ဇာတ်ကောင်တစ်ဦးလိုပါပဲ ကြားထဲကကြွက်သံ၊ ဘေးကထပ်ခါတလဲလဲ မြည်လာတဲ့အသံတွေက မိမိကိုယ်တိုင်ပါ တကယ်အဲအိမ်ထဲမှာ ရှိနေသလို ခံစားရစေပါတယ် ကြမ်းတမ်းတဲ့သံစဉ်တွေနဲ့ မဟုတ်ဘဲ တိတ်ဆိတ်မှုတွေနဲ့ တဖြည်းဖြည်းချင်း ကြောက်စိတ်ကို တည်ဆောက်ထားတာပါ

တစ်ခါတလေမှာ ရိုက်ကွင်းမကြီး၊ ဇာတ်ကောင်မများတဲ့ ဇာတ်ကားတစ်ကားကလည်း စိတ်ဝင်စားမှုနဲ့ ကြောက်စရာကို ပေါင်းစပ်တည်ဆောက်နိုင်ပါတယ် ဒီဇာတ်ကားဟာ မတော်တဆမှုတွေနဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ်အဖြစ်တော့ ကြည့်လို့ကောင်းပါတယ် နက်ရှိုင်းမှုများများစားစားဝောာ့ မရှိပေမဲ့ အပျင်းပြေကြည့်လို့သင့်တဲ့ horror filmဖြစ်ပါတယ်

 

Translated & Reviewed by Hyo
Encoded by Flashy

Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်

Watch Push

Ep
Title
Release Date