Resident Evil ဟာ Biohazard ဆိုပြီး မူရင်းနာမည်နဲ့ဂျပန်နိုင်ငံ Capcom က ထုတ်လုပ်ထားတဲ့ ဂိမ်းတစ်ခုပဲဖြစ်ပါတယ်
မူရင်းဂိမ်းစပြီးထွက်တဲ့အချိန်ဟာ ၁၉၉၆ ခုနှစ်တုန်းကစတင်ထွက်ရှိထားတာဖြစ်ပြီးတော့”Shinji Mikamiနဲ့Tokuro Fujiwara နှစ်ဦးဖန်တီးထားတဲ့ franchise တစ်ခုပဲဖြစ်ပါတယ်..
၁၉၉၆ ဆိုတော့ ကျွန်တော်တောင်မမွေးသေးခင်ကတည်းက ထွက်ရှိထားပေမဲ့ အိုင်ဒီယာတွေ အရမ်းကောင်းလို့ ဂိမ်းတွေလည်းအများကြီးနဲ့ မူဗီတွေ Animationကားတွေအများကြီးထွက်ထားခဲ့တာပဲဖြစ်ပါတယ်….
အမ်ဘရယ်လား အဖွဲ့အစည်းကြီးကထုတ်လိုက်တဲ့ ဗိုင်းရက်တစ်ခု မတော်တဆပြန့်နှံ့သွားရာကနေ ကမ္ဘာပျက်ကိန်းကြီးတစ်ခုထိဖြစ်သွားပြီးတော့ အဲဒီနောက်ပိုင်း အဲဒီအဖွဲ့အစည်းကြီးနဲ့ ထိပ်တိုက်ရင်ဆိုင်ရတာကို ဂိမ်းအမျိုးမျိုး ရုပ်ရှင်အမျိုးမျိုးနဲ့တင်ဆက်ရင်း ကမ္ဘာမှာ တော်တော်နာမည်ကျော်တဲ့ Franshiseတစ်ခုဖြစ်ပါတယ်…
ဂိမ်းမှာတော့ လီယွန် ဟာ ဇာတ်ကောင်ဖြစ်ပေမဲ့ မူဗီမှာတော့ တစ်မူထူးခြားအောင် အဲလစ် ကိုဇာတ်ကောင်ဖြစ်အောင်ဖန်တီးထားပြီးတော့ ဇာတ်လမ်းကိုအသက်သွင်းထားတာပဲဖြစ်ပါတယ်…..
ဇာတ်လမ်းဟာ ၁ ကနေ ၆ အထိရိုက်ကူးထားတာဖြစ်ပြီးတော့ ၂၀၀၂ ခုနစ် ကနေ ၂၀၁၆ ခုနှစ်အထိ ရိုက်ကူးပြသခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်…..
အကြည်လိုချင်သူတွေ အကြည်ပြန်ပြီးကြည့်လို့ရအောင် sizeကိုဘာမှမပြုပြင်ပဲတင်ဆက်ပေးထားတာဖြစ်လို့ စုထားချင်သူတွေလည်းစုထားလို့ရပါတယ် ……..



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
