ဒီတစ်ခါတော့ မင်းသားကြီး ဂျက်ကီချန်းရဲ့ မေတ္တာဖွဲဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။
“ပရိတ်သတ်ကို အစစ်အမှန်ကိုမှမပြရင် ဘာပြစရာရှိလဲ” ဆိုတဲ့ စတန့်သမားကြီး လော့ကျီလုံအဖြစ် သရုပ်ဆောင်ထားတဲ့ ကျွန်မတိုငယ်စဥ်ကတည်းက အားပေးသဘောကျလာခဲ့ရတဲ့ မင်းသားကြီးဟာ ဇာတ်ကားတိုင်းမှာ အစစ်အမှန်ကိုပေးနိုင်ဖိုသူတစ်သက်တာလုံး အကြိမ်ကြိမ် အသက်နဲ့ရင်းပြီး စွန့်စားခန်း အစစ်အမှန်တွေကို ဖန်တီးပြခဲ့သူပါ။
အခုဒီကားထဲမှာ စတန့်သမားတွေရဲ့ ဘ၀ကို အားလုံးသိသာအောင်ချပြသွားသလို ..စတန့်သမားတွေရဲ့ ဇွဲကြီးမှုကိုလည်း အသိအမှတ်ပြုမြင်တွေ့ရမှာဖြစ်ပါတယ်။ ဇရာထောင်းလာတဲ့မင်းသားကြီးရဲ့ အရင်ကားတွေနဲ့မတူညီစွာ မြင်တွေ့ရမယ့် မေတ္တာဖွဲကားလေးမှာ သူချပြချင်တာက ဘာလဲ…သူပြောချင်တဲ့ အကြောင်းအရာက ဘာကိုဦးတည်နေသလဲဆိုတာလည်း တွေးစရာဖြစ်ဦးမှာပါ။
အများကြီးညွှန်းစရာမလိုအောင် ကောင်းမယ်ဆိုတာသေချာနေတဲ့ကားလေးဖြစ်ပြီး တိချစ်သူများလည်း သဘောတွေ့မယ့်ကားလေးမို ကြည့်ရှုသင့်တဲ့ကားလေးဖြစ်ကြောင်း ညွှန်းလိုက်ရပါတယ်ရှင်
Translated & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
