Epic Sci-fi အမျိုးအစားဖြစ်တဲ့ Star Wars ဟာဆိုရင်သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေထဲမှာ သမိုင်းတလျှောက်အအောင်မြင်ဆုံး ရုပ်ရှင်တွဲတွေထဲက တစ်ခုပဲဖြစ်ပါတယ်
ဇာတ်လမ်းကတော့ ဟိုးအတိတ်ကာလတစ်ခုတုန်းက ဝေးကွာလှတဲ့ နဂါးငွေ့တန်းကြယ်စုတွေကြားထဲမှာ ဖြစ်ပျက်နေတဲ့အကြောင်းတွေပါ။ အစဦးမှာ ကြယ်စုတွေ ဂြိုလ်တွေဟာ လွှတ်တော်ဖွဲ့စည်းထားပြီး ဒီမိုကရေစီ စနစ်နဲ့ အုပ်ချုပ်မှုအောက်မှ နေထိုင်ကြပါတယ်။
လွှတ်တော်နဲ့အတူ ဂလက်ဆီကြီးတစ်ခုလုံးရဲ့ တရားမျှတမှုနဲ့ ငြိမ်းချမ်းမှုကို ထိန်းသိမ်းပေးတဲ့ သူရဲကောင်းအဖွဲ့တစ်ခုလည်း ရှိနေပါတယ်။ အဲဒီသူတွေကိုတော့ Jedi တွေလို့ ခေါ်ကြပြီး သူတို့မှာ Lightsaber ဆိုတဲ့ အလင်းဓားလက်နက်တွေ ပိုင်ဆိုင်ကြပါတယ်။ ဒါ့အပြင် သူတို့ကို သာမန်လူတွေထဲ ထူးခြားတဲ့ စိတ်စွမ်းအင်တွေနဲ့ ခွန်အားတွေကို Force ဆိုတဲ့ အရာကနေ ယူငင်သုံးစွဲကြပါတယ်။ အဲဒီ Jedi တွေရဲ့ လုံးဝဆန့်ကျင်ဖက်လမ်းစဉ်ကို လိုက်တဲ့သူတွေကိုတော့ Sith တွေလို့ခေါ်ပြီး သူတို့က ဒေါသနဲ့အမုန်းတွေကို အခြေခံတဲ့ အမှောင်ခြမ်းစွမ်းအင် Dark Side of the Force ကို သုံးစွဲကြပါတယ်။
ဒီ star wars ရုပ်ရှင်တွေအတွင်းမှာ Jedi နဲ့ sith တွေရဲ့ အပြန်အလှန်အားပြိုင်မှုတွေ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်ပါယာတပ်တွေရဲ့ တိုက်ပွဲတွေအကြောင်းတွေ ခံစားကြည့်ရှုနိုင်ပါလိမ့်မယ်။
Translated by – Nezu
Encoded by – Nezu



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
