ဒီတစ်ခါတော့ Animation ကားကြိုက်သူတွေအတွက် သဘောကျဖို့ကောင်းတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်
ဇာတ်လမ်းကတော့ ဟိုတယ်ထရန်ဆဗေးနီးယား နဲ့ နည်းနည်းဆင်တူပါတယ်။
အဒမ်မိသားစုဟာ သီးခြားဆန်စွာထူးထူးဆန်းဆန်းနေတတ်တဲ့ မိသားစုတွေပါ။ အပြင်လောကကို စိတ်ကုန်ပြီးရှောင်ပုန်းနေသူတွေဆိုလည်းဟုတ်ပါတယ်။
တစ်နေ့မှာတော့ သူတို့အိမ်ရှိနေတဲ့ တောင်ကုန်းရဲ့အောက်မှာ အိမ်အလှဆင်လုပ်ငန်းရှင် မာဂေါ့ နိဒလာက မြို့အိမ်ယာအသစ်လာတည်ဆောက်ပြီး လူတွေကို ကြော်ငြာပြ ရောင်းချဖို့ စီစဉ်ပါတော့တယ်။
ဒါပေမယ့် သူ့ရဲ့ အိမ်ယာရှုခင်းမှာ အရုပ်ဆိုးနေတဲ့ အဒမ်စ်စံအိမ်ကြီးက ဖျက်နေတော့ မာဂေ့ါနဲ့ အဒမ်စ်မိသားစု ထိပ်တိုက်တွေ့ဖို့ ဖြစ်လာပါတော့တယ်။
Translated by – L & Nezu
Encoded by – Aye Chan



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
