The Kissing Booth 2 မှာတုန်းက အယ်လ်တစ်ယောက် အထက်တန်းကျောင်း ဘွဲ့ရသွားတာ အားလုံး သိပြီးဖြစ်ကြမှာပါ
မာကိုဆိုတဲ့ ကောင်လေးနဲ့ ခြေရှုပ်ခဲ့တာလည်း မေ့ထားလို့ မရပြန်ပါဘူးနော် ချစ်သူနဲ့ သူငယ်ချင်းကြား ဗျာများလွန်းတဲ့
မမလေး အယ်လ်တစ်ယောက်ဒီတစ်ခါမှာလည်း မရိုးတဲ့ အကွက်ဆန်းတွေနဲ့ပြဿနာတွေ ဖန်တီးပါဦးမယ်
ဒီဇာတ်လမ်းမှာတော့ ချစ်သူရှိရာ ဟားဗတ် တက္ကသိုလ်ကို သွားတက်ဖို့ ရွေးချယ်လိုက်တဲ့ အယ်လ့်ကို
သူငယ်ချင်းဖြစ်သူ လီက စိတ်ဆိုးရာကနေ ဇာတ်လမ်းကစပါတယ်ဒီတော့ သိပ်ချစ်လွန်းလို့ ကိုကို့နောက်လိုက်မယ့် အယ်လ်တစ်ယောက် သူငယ်ချင်းဖြစ်သူကို
ချွေးသိပ်ရပါတော့မယ်ဒီလိုနဲ့ ငယ်ငယ်က ကောလိပ်မသွားခင် ၂ ယောက်အတူ လုပ်ချင်တဲ့ အရာတွေရေးထားတဲ့ စာရင်းထဲကအတိုင်း
လီနဲ့အတူ ဖန်တီးဖို့ကြိုးစားရင်း အရှုပ်ဇယားတွေ ပေါ်လာပုံကိုရိုက်ကူးတင်ဆက်ထားပါတယ်
Translated by – May Mie
Encoded by – Aye Chan



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
