IMDb 5.5ရရှိထားတဲ့ လတ်တလောမှထွက်ရှိထားတဲ့ Mystery /Adventure ကားကောင်းလေးတစ်ခုတင်ဆက်ပေးချင်ပါတယ်
လက်နက်မှောင်ခိုအဖွဲနှစ်ခုကြား ပြေးလွှားနေရတဲ့ စနိုက်ပါအမျိုးသမီး….
မူလကထက်မြက်ပါးလှပ်ပြီး ဘာကိုမှနောက်မတွန့်တဲ့အမျိုးသမီးဟာ မထင်မှတ်ဘဲ ကိုယ်၀န်ရလာတော့ မငြိမ်းချမ်းတဲ့ဘ၀ကိုစွန့်လွှတ်ဖို FBI နဲ့ အပေးအယူလုပ်ခဲ့ပါတယ်…
ဒါပေမဲ့ လုံလောက်တဲ့ကာကွယ်မှုမပေးနိုင်တဲ့ ရဲတွေကြောင့် သူမဟာမွေးဖွားလာတဲ့သမီးလေးဘဝလုံခြုံဖို သမီးလေးကို မွေးကင်းစကတည်းက စွန့်လွှတ်ခဲ့ရပြီး နှစ်စဥ်သမီးလေးမွေးနေ့ရောက်တိုင်း ပိုလာတဲ့ဓာတ်ပုံလေးတွေနဲ့ ဘ၀ကိုတစ်ကိုယ်ရည်ဖြတ်သန်းနေရချိန်….
တစ်နေ့ သူအပ်ခဲ့တဲ့အေးဂျင့်က သမီးလေးအတွက် အန္တရာယ်ရှိနေလို သူ့ကိုပြန်ခေါ်လာတဲ့အခါ…
မိခင်တစ်ယောက်အနေနဲ့ တစ်ခါမှအနီးကပ်မမြင်ဖူး မနေဖူးသေးတဲ့ မြီးကောင်ပေါက်စ သမီးတစ်ယောက်ကို ဘယ်လိုကာကွယ်ထိန်းကျောင်းသွားမလဲဆိုတာ….
ဒီကားမှာတော့ ခပ်မိုက်မိုက်စနိုက်ပါအေးဂျင့်မိခင်တစ်ယောက်အဖြစ် Jenniffer Lopez ကို လေးနက်တဲ့ အေးစက်တဲ့ အမျိုးသမီးတစ်ယောက်အဖြစ် အသွင်တမျိုးနဲ့ ရှုစားရမှာပါ..
Translated & Reviewed by Ariel
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
