လူး၀စ်ဆိုတဲ့ လူတစ်ယောက်ဟာ အမေရိကန် မြို့လေးတစ်မြို့မှာ နေထိုင်တယ်၊ သူဟာ ဒီမြို့ရဲ့ သာမန်လူတွေထဲက
တစ်ယောက်တော့ မဟုတ်ဘူး သူဟာ အတိတ်မေ့နေတဲ့ လူတစ်ယောက် နောက်ပြီး အတိတ်ဘ၀ကို မလိုချင်တော့တဲ့
သူတစ်ယောက်၊ သူဘာကြောင့် ဒီဘ၀ကို ပြန်မလိုချင်ရတာလဲဆို သူဟာ အရင်က နီကိုးလပ်စ်ရှောလို့ အမည်ရတဲ့
ပြဿနာတွေ ဒုက္ခတွေကြုံခဲ့ရတဲ့သူ ဖြစ်နေလို့ပါပဲ၊ သူအတိတ်မေ့ရခြင်းရဲ့ အကြောင်းရင်းကြီးပေါ့ ဒါပေမယ့် တစ်နေ့မှာ
အလိုက်စ် ကိန်းဆိုတဲ့ လူတစ်ယောက် လူး၀စ်ဆီ ရောက်လာပြီး သူပြန်မလိုချင်တဲ့ ဘ၀ထဲကို ပြန်ဆွဲခေါ်ပါတော့တယ်။
အကြောင်းရင်းကတော့ သူ နီကိုးလပ်စ်ဘ၀က တာ၀န်ထမ်းဆောင်ခဲ့တဲ့ နေရာက မိတ်ဆွေတွေ တစ်ယောက်ပြီးတစ်ယောက်
အသတ်ခံရပြီး အလိုက်စ်ရဲ့ သမီးဖြစ်သူ မော်နီကာဟာလည်း ပျောက်ဆုံးသွားပါတယ်။ ဒီတော့ နီးကိုးလပ်စ်နဲ့ အလိုက်စ်တို့
၂ ယောက် ပူးပေါင်းပြီး ပျောက်သွားတဲ့ မော်နီကာကို ရှာရင်း အဖြေမပေါ်သေးတဲ့ ပြဿနာတွေကို အဖြေရှာဖို့ ကြိုးစားပါတော့တယ် ….
ဒီဇာတ်လမ်းထဲမှာ မင်းသားကြီး Barry Pepper က နီကိုးလပ်အဖြစ် သရုပ်ဆောင်ထားပြီး အက်ရှင်တွေ စိတ်လှုပ်ရှားဖွယ်
အခန်းတွေပါ၀င်တာကြောင့် အတိုက်အခိုက်ကြိုက်သူတို့အတွက် အပန်းပြေစေမယ့် ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။
Review Credit
===========
Translated by-Xenon
Encoded by-Zoro
Size-1.57Gb



![BTS _ Audacy Check In [2026] BTS _ Audacy Check In [2026]](https://mmfilm.org/wp-content/uploads/2026/04/SnapInsta.to_669610451_18575053405017793_3684009514004377277_n-300x300.jpg)
