ဒီတစ်ခါတော့ အက်ရှင်ဇာတ်လမ်းကြိုက်နှစ်သက်တဲ့ပရိတ်သတ်ကြီးအတွက် ကိုရီးးယားစီးရီးကားအသစ်လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်
NIS ရဲ့ ထိတ်တန်းလျှို့ဝှက်စုံထောက်ဟန်ဂျီဟော့ဟာ မစ်ရှင်လုပ်ရင်း သူ့ရဲပါတနာတွေအကုန်သတ်ခံရပြီး
သူကိုယ်တိုင်မနည်းအသက်ရှင်အောင်ကြိုးစားခဲ့ရပါတယ် ။အဲ့ဒီနောက်သူဟာ တရားမဝင် လူမှောင်ခိုအဖွဲ့ရဲ့ဖမ်းဆီးမှုကိုခံလိုက်ရတယ်။
ကံကောင်းချင်တော့ NIS ဟာ သူတို့အေးဂျင့်အဖမ်းခံရတာကို သတင်းရတာနဲ့ ချက်ချင်းဝင်ရောက်ကယ်တင်ခဲ့တယ်
အဲ့လိုကယ်ဆယ်ခံရပြီးနောက်မှာလည်း သူတို့ဟာ ဒီအေးဂျင့်ဟာဘယ်လိုမျိုးလွတ်မြောက်လာလဲဆိုတာကို သူတို့အဖွဲ့အစည်းရဲ့နည်းလမ်းနဲ့
စမ်းသပ်စစ်ဆေးကြပါတယ် ။ ဒါပေမယ့်ထူးဆန်းတာကတော့ သူဟာမစ်ရှင်စလုပ်တဲ့အချိန်ကနေ လွတ်မြောက်လာခဲ့တဲ့အချိန် အဲ့ကြားထဲကအချိန်တွေကို
လုံးဝမမှတ်မိတော့ပါဘူး။ သီးသန့်မှတ်ဥာဏ်အဖျက်ခံရသလိုမျိုးဖြစ်နေပါတယ်။ သူ့ရဲ့မှတ်ဥာဏ်ကိုဘယ်သူကများဖျက်စီးလိုက်တာလဲ
နောက်ပြီး သူဘယ်လိုလွတ်မြောက်လာတာလဲ။ ဒီနောက်ကွယ်မှာဘယ်လိုလျှို့ဝှက်ချက်တွေရှိမလဲဆိုတာကိုတော့....
Translated by - May Mie & Hsu Yadanar
Encoded by - Aye Chan