ဒီကားလေးကတော့ ဆွံအနားမကြားတဲ့မိဘတွေကနေမွေးဖွားလာခဲ့ပေမယ့် တစ်ဦးတည်းအသံကိုကြားနိုင်တဲ့ Eun Gyeol တစ်ယောက်ကဂီတအတွက် လက်ဆောင်အဖြစ်မွေးဖွားလာတယ်လိုပြောရလောက်အောင်ကို ဂီတဘက်မှာပါရမီပါတဲ့ကောင်လေးတစ်ယောက်ဖြစ်ပါတယ်...
Eun Gyeol က နေ့ဘက်မှာ စံပြကျောင်းသားတစ်ယောက်ဖြစ်ပြီးညဘက်မှာတော့ band မှာဂစ်တာတီးပါတယ်... တစ်နေ့မှာထူးဆန်းတဲ့ ဂီတတူရိယာဆိုင်သိုလည်ပတ်ရာကနေ ဆန်းကျယ်တဲ့ ဖြစ်ရပ်တစ်ခုနဲ့ကြုံတွေ့ရပါတော့တယ်..
Eun Gyeolတစ်ယောက်မထင်မှတ်ပဲ ၁၉၉၅ခုနှစ်တွေကိုအချိန်ခရီးသွားမိတဲ့အခါ ဘဝအလှည့်အပြောင်းတွေကို ကြုံရပါတော့တယ်...
ထိုနေရာမှာ အထက်တန်းကျောင်းသားအရွယ် ဖခင်နဲ့ မိခင်ဖြစ်သူတိုကိုတွေ့ဆုံခဲ့ရပြီး ဖခင်ဖြစ်သူနဲ့အတူ Watermelon Sugar ဆိုတဲ့တီးဝိုင်းကိုတည်ထောင်ခဲ့ပါတယ်...ဖခင်ဖြစ်သူက ကျောင်းရဲ့ cello goddess လိုလူသိများတဲ့ ချွဲဆယ်ဂျောင်ကိုသဘောကျနေပြီးပိုးပန်းနေခဲ့တာပါ ....
ဒီတော့သားဖြစ်သူတစ်ယောက် မိဘတွေကိုအောင်သွယ်ပေးမယ့် အောင်သွယ်တော်ငမွှေလေးဖြစ်လာခဲ့ပြီး 1995 ခုနှစ်ကိုနောက်ခံထားပြီးတော့ရိုက်ကူးထားတဲ့ Fantasy drama လေးကို ဟာသလေးတွေနှောပြီး ကြည့်ရအုံးမှာမို လုံးဝလက်မလွှတ်သင့်တဲ့ကားလေးဖြစ်ကြောင်း လက်တိုလိုက်ရပါတယ်နော် ...
Reviewed by STAY HaNa
Translated by MMFilm KTeam
Encoded by NZ
Yoteshin Drive ကဒေါင်းလုပ်လုပ်ချင်သူများအနေဖြင့် ဒီလင့် (နှိပ်ပါ) ကနေပြထားတဲ့အတိုင်း အရင်ဆုံးloginလေးဝင်ထားဖို့တော့လိုမယ်နော်ဗျ