Switch Mode

Youth of May Episode 22

Download Youth of May Episode 22, Watch Youth of May Episode 22, don't forget to click on the like and share button. Series Youth of May always updated at MMFILM. Don't forget to watch other series updates.

Youth of May Episode 22

Episode 22

Youth of May

Youth of May

Youth in May, May Youth, Owolui Chungchoon, Owolui Cheongchun, Owoleui Cheongchun
Rating 8.5
Status: Completed Network: Released: May 3, 2021 - Jun 8, 2021 Duration: 1 hr. 10 min. Country: Type: Drama Episodes: 24 Director: Casts: , , , , ,
ဒီဇာတ်ကားလေးကတော့ အခုမြန်မာနိုင်ငံအခြေအနေနဲ့အလားတူဆင်တဲ့ အခြေအနေမျိုးကို ဇာတ်ကြောခံပြီးတော့ ရိုက်ကူးထားတဲ့ ကိုရီးယား ဒရမ်မာ ဇာတ်ကားလေးဖြစ်ပါတယ်... ဂွမ်ဂျူး တော်လှန်ရေး ( ဂွမ်ဂျူးအုံကြွမှု ) မှာ ပါဝင်လှုပ်ရှားခဲ့တဲ့သူတွေ အကြောင်းကို နောက်ကြောင်းခံရိုက်ကူးထာသလိုပါပဲ စည်းကမ်းတင်းကြပ်တဲ့ ဖခင်ရဲ့လက်အောက်မှာနေခဲ့ရပြီး မတော်တဆမှုတစ်ခုကြောင့် ဆေးကျောင်းသားဘဝကနေ ဘွဲ့မရနိုင်သေးတဲ့အပြင် ဆရာဝန်ဘဝကိုပါ စွန့်လွှတ်ရမလိုဖြစ်နေတဲ့ ဟွမ်ဟီထယ်…..
ဆင်းရဲပြီးချို့တဲ့ပေမယ့် ဘဝအတွက် ရုန်းကန်ကြိုးစားနေတဲ့ မာနရှင်သူနာပြုဆရာမလေး ဂင်မြောင်ဟီး….
အခြေအနေတစ်ခုကြောင့် နှစ်ယောက်သား  ဆုံတွေ့ဖို့အကြောင်းဖန်လာတဲ့အခါမှာတော့….
လူငယ်သဘာဝအငွေ့အသက်လေးတွေနဲ့ရိုးသားကြိုးစားပြီး ကိုယ်ယုံကြည်ရာကိုလျှောက်လှမ်းကြိုးစားကြမယ့် လူငယ်လေးတွေရဲ့ ရိုဆန်ဆန်မြင်ကွင်းလေးတွေပါမြင်တွေ့ခံစားရဦးမှာပါ…. 18 Again,Sweet Home  တို့နဲ့နာမည်ကြီးလူသိများလာတဲ့ မင်းသားချောလေးကြောင့် ကြည့်ရကျိုးနပ်စေမှာပါနော်… ဂွမ်ဂျူးအုံကြွမှု (ဟန်းဂု광주 민주화 항쟁; Hanja: 光州民主化抗爭) ၊ အမည်ကွဲ UNESCO  မေ ၁၈ ဒီမိုကရေစီအုံကြွမှု  နှင့် မေ ၁၈ ဂွမ်ဂျူး ဒီမိုကရေစီအသွင်ကူးပြောင်းရေးလှုပ်ရှားမှု (Korean: 5·18 광주 민주화 운동; Hanja: 五一八光州民主化運動) သည် တောင်ကိုရီးယားနိုင်ငံ ဂွမ်ဂျူးမြို့၌ ၁၉၈၀ မေ ၁၈ မှ ၂၇ အထိ ပေါ်ပေါက်ခဲ့သော နာမည်ကျော်အုံကြွမှု ဖြစ်သည်။ လူဦးရေ ၆၀၆ ဦးသေဆုံးခဲ့သည်ဟု ခန့်မှန်းကြသည်။ စစ်တပ်မှတာဝန်ယူထားသည့် (မာရှယ်လော) အစိုးရအဖွဲ့အား ဆန့်ကျင်သည့် ချုံနမ်တက္ကသိုလ်ကျောင်းသားများအား အစိုးရတပ်ဖွဲ့များက သေနတ်ဖြင့်ပစ်ခတ် ၊ မုဒိမ်းကျင့် ၊ ရိုက်နှက်ကြသည့်အခါ ဂွမ်ဂျူးမြို့သူမြို့သားတို့က (နယ်ခံ လက်နက်တိုက်များနှင့် ရဲစခန်းများအား လုယက်ခြင်းဖြင့်) လက်နက်များကိုင်ဆောင်ခဲ့ကြတော့သည်။ ၁၉၈၀ မေ ၂၇ တွင် အုံကြွမှုပြီးဆုံးသွားသည်။ ဤဖြစ်ရပ်ကို စတင်ဖြစ်ပွားသည့် ရက်ကို အစွဲပြု၍ တခါတရံ၌ ၅-၁၈ (မေ ၁၈; Korean: 오일팔; Hanja: 五一八; RR: Oilpal) ဟုလည်း ခေါ်သည်။ ဂွမ်ဂျူးအုံကြွမှုအား ထောက်ခံမှု သို့မဟုတ် ငြင်းကွယ်မှုက ကွန်ဆာဗေးတစ်နှင့် လက်ျာအစွန်းရောက်အုပ်စုများ ၊ အတွေးအခေါ်များ ၊ လူထုအတွင်းမှ တိုးတက်သောအုပ်စုများနှင့် ပင်မအုပ်စုများအတွက် အဆုံးအဖြတ်ပေးသည့် စမ်းသပ်ပွဲ ဖြစ်သည်။ လက်ျာအစွန်းရောက်များက အုံကြွမှုကို အသရေဖျက်ရန်ကြိုးပမ်းကြသည်။ ချွန်ဒူးဟွမ် တရားဝင် အာဏာမယူမီ ဖြစ်ပွားခဲ့သည့်အတွက် ချွန်ဒူးဟွမ်အားဆန့်ကျင်သည့် သာမန်ကျောင်းသားဆန္ဒပြပွဲတခုက ထိုအရေးအခင်း စတင် ပေါ်ပေါက်စေခဲ့ခြင်း မဖြစ်နိုင်ဟု ငြင်းဆိုသည်အထိ ဖြစ်သည်။ ယခင် တောင်ကိုရီးယားအစိုးရထံမှ စစ်တပ်အာဏာသိမ်းမှုကို အောင်မြင်စွာဦးဆောင်ခဲ့ပြီးနောက် ၁၉၇၉ ဒီဇင်ဘာ ၁၂ တွင် အာဏာရလာသည်ဖြစ်ရာ ချွန်ဒူးဟွမ်မှာ ထိုအချိန်က ဦးဆောင်သူအစစ်အမှန် ဖြစ်နှင့်ခဲ့ပြီးဖြစ်သည်။ ကွန်မြူနစ်လိုလားသူများနှင့် သောင်းကျန်းသူများ၏ ဆန့်ကျင်ပုန်ကန်မှုအဖြစ် ချွန်ဒူးဟွမ် သမ္မတသက်တမ်းအတွင်း အာဏာပိုင်များက သတ်မှတ်ခဲ့ကြသည်။ ၁၉၉၇ ခုနှစ်ရောက်မှသာ ကျဆုံးခဲ့ရသူများအား "လျော်ကြေးပေး ၊ ဂုဏ်သရေ ပြန်လည်ရရှိရေး" လှုပ်ရှားမှုများနှင့်တကွ နိုင်ငံတော်သုဿန် နှင့် (မေ ၁၈ အား) အောက်မေ့သတိရသောနေ့ သတ်မှတ်ခဲ့သည်။ ဂွမ်ဂျူးမြို့တော်ခန်းမရှိ မေ ၁၈ စစ်တပ်အာဏာရှင်အား ဆန့်ကျင်သည့် ဒီမိုကရေစီအရေး အုံကြွမှုဆိုင်ရာ ၁၉၈၀ မော်ကွန်းဝင်မှတ်တမ်းများကို ၂၀၁၁ တွင် UNESCO ကမ္ဘာ့စာရင်းဝင်အမှတ်တရများ၌ ရေးထွင်းခဲ့သည်။

Related Episodes

Youth of May Episode 21

Posted by: admin Released on: 4 years ago

Youth of May Episode 23

Posted by: admin Released on: 4 years ago